ရှင်မဿဲခရစ်ဝင် 27:39
လမ်းသွားလမ်းလာများကဦးခေါင်းခါလျက် ``ဗိမာန် တော်ကိုဖြိုဖျက်၍သုံးရက်အတွင်းပြန်လည်တည် ဆောက်မည့်သူ၊ သင့်ကိုယ်ကိုသင်ကယ်တင်လော့။ သင် သည်ဘုရားသခင်၏သားတော်မှန်လျှင် လက်ဝါး ကပ်တိုင်ပေါ်မှဆင်းခဲ့လော့'' ဟုကိုယ်တော်အား ကဲ့ရဲ့ကြ၏။
Common Language Bible
In The King James Version
And they that passed by reviled him, wagging their heads,
In Context
Cross References
Job 16:4သင်တို့ပြောသကဲ့သို့ ငါသည်လည်းပြောနိုင်၏။ သင်တို့သည် ငါကဲ့သို့ဖြစ်လျှင်၊ ငါသည်သင်တို့ တဘက်က စကားများကို ပုံ၍ထားနိုင်၏။ ခေါင်းကိုလည်း ခါနိုင်၏။
Psalms 22:6သို့ရာတွင်ကျွန်တော်မျိုးသည်လူမဟုတ်၊ ပိုးကောင်မျှသာဖြစ်၍လူတကာတို့ကဲ့ရဲ့ စရာ၊ မထီလေးစားပြုစရာဖြစ်ပါ၏။
Psalms 31:11ရန်သူအပေါင်းတို့သည်ကျွန်တော်မျိုးအား ပြောင်လှောင်ကြပါ၏။ အထူးသဖြင့်အိမ်နီးချင်းများကမထီမဲ့ မြင် ပြုကြပါ၏။ အသိမိတ်ဆွေများသည်ကျွန်တော်မျိုးကို ကြောက်ကြပါ၏။ လမ်းတွင်ကျွန်တော်မျိုးကိုတွေ့မြင်သောအခါ ထွက်ပြေးကြပါ၏။
Psalms 69:7ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အတွက် စော်ကားခြင်းကိုခံရပါ၏။ အလွန်အရှက်ကွဲရပါ၏။
Psalms 109:2သူယုတ်မာများနှင့်လူလိမ်များသည်ကျွန်တော် မျိုးကို တိုက်ခိုက်ကြပါ၏။ သူတို့သည်ကျွန်တော်မျိုး၏အကြောင်း မုသားစကားပြောကြပါ၏။
Lamentations 1:12သူသည်အနီးအနားမှဖြတ်သန်းသွားလာသူ အပေါင်းတို့အားအော်ပြောသည်မှာ ``ငါ့ကိုကြည့်ကြပါ။ ငါခံရသောဝေဒနာ မျိုးကို အဘယ်သူမျှမခံရဘူးပါ။ ဤကဲ့သို့သောဝေဒနာမျိုးရှိဖူးပါသလော။ ထိုဝေဒနာသည်ထာဝရဘုရား အမျက်တော်ထွက်၍ငါ့အားခံစားစေသည့် ဝေဒနာဖြစ်ပါ၏။''