ရှင်မဿဲခရစ်ဝင် 6:34
ထို့ကြောင့်နက်ဖြန်နေ့အဖို့မစိုးရိမ်ကြနှင့်။ နက်ဖြန် နေ့နှင့်သက်ဆိုင်သည့်စိုးရိမ်စရာများကိုထိုနေ့၌ ကြုံတွေ့ဖြေရှင်းရလိမ့်မည်။ ယနေ့ကြုံတွေ့ရသည့် စိုးရိမ်စရာများသည်ယနေ့အတွက်တော်လောက် ပေ၏။
Common Language Bible
In The King James Version
In Context
Cross References
Exodus 16:18သို့ရာတွင်တောင်းနှင့်ခြင်ကြည့်သောအခါ ပို ၍စုသိမ်းသူကများများမပို၊ လျော့၍စု သိမ်းသူလည်းများများမလျော့ဘဲရရှိ ကြ၏။ အသီးသီးမိမိလိုသမျှစုသိမ်း ရရှိလေ၏။-
1 Kings 17:4သင်သည်ထိုချောင်းမှသောက်ရေကိုရလိမ့်မည်။ သင်ရှိရာသို့အစားအစာယူဆောင်လာရန် ကျီးအတို့ကိုလည်းငါမှာထားပြီးဖြစ်သည်'' ဟုမိန့်တော်မူ၏။
2 Kings 7:1ဧလိရှဲက``ထာဝရဘုရားမိန့်တော်မူသော စကားကိုနားထောင်တော်မူပါ။ နက်ဖြန်ဤ အချိန်ရောက်သော် ရှမာရိမြို့စျေးထဲတွင် အကောင်းဆုံးဂျုံဆန်ဆယ်ပေါင် သို့မဟုတ် မုရောဆန်ပေါင်နှစ်ဆယ်ကိုငွေသားတစ်ကျပ် ဖြင့်ဝယ်ယူနိုင်လိမ့်မည်'' ဟုပြန်လည်လျှောက် ထား၏။
Matthew 6:11ယနေ့အတွက်လိုအပ်သောအစားအစာကို၊ အကျွန်ုပ်တို့အားပေးသနားတော်မူပါ။
Luke 11:3လိုအပ်သောအစားအစာကိုအကျွန်ုပ်တို့အား၊ နေ့စဉ်နေ့တိုင်းပေးသနားတော်မူပါ။
John 16:33သင်တို့သည်လောကတွင်ဆင်းရဲဒုက္ခနှင့်တွေ့ ကြုံရလိမ့်မည်။ သို့ရာတွင်အားမငယ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီ'' ဟုမိန့်တော် မူ၏။