ရှင်မဿဲခရစ်ဝင် 8:4
သခင်ယေရှုက ``ဤအကြောင်းကိုမည်သူ့အားမျှ မပြောမိစေရန်သတိပြုလော့။ ယဇ်ပုရောဟိတ်ထံ ကိုသွား၍သင်၏ကိုယ်ကိုပြလော့။ ထိုနောက်လူတို့ ရှေ့တွင်သက်သေခံအထောက်အထားဖြစ်စေရန် မောရှေမိန့်မှာခဲ့သည့်ပူဇော်သကာကိုဆက်သလော့'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
Leviticus 13:2တစ်စုံတစ်ယောက်တွင်အရေပြား၌အနာစိမ်း ဖြစ်စေ၊ ဖူးယောင်နာဖြစ်စေ၊ အနာကွက်ဖြစ်စေ၊ ပေါ်လာသဖြင့် ဆိုးရွားသောကိုယ်ရေပြားရောဂါ စွဲမည့်လက္ခဏာရှိလာလျှင် ထိုသူကိုအာရုန်မှ ဆင်းသက်သောယဇ်ပုရောဟိတ်ထံသို့ခေါ် ဆောင်ခဲ့ရမည်။-
2 Kings 5:7ဣသရေလဘုရင်သည်ထိုစာကိုရသောအခါ အဝတ်တော်ကိုဆုတ်လျက်``ငါသည်ဤသူ၏ ရောဂါကိုပျောက်ကင်းစေလိမ့်မည်ဟုအဘယ် သို့ရှုရိမင်းမျှော်လင့်နိုင်ပါသနည်း။ ငါသည် အသက်ကိုပေးပိုင်နုတ်ပိုင်သောတန်ခိုးနှင့်ပြည့် စုံသည့်ဘုရားဖြစ်ပါသလော။ သူသည်ငါ့အား ရန်ရှာသည်မှာထင်ရှားပါသည်တကား'' ဟု ဆို၏။
Matthew 3:15သခင်ယေရှုက ``ဘုရားသခင်ပြဋ္ဌာန်းတော်မူ သမျှသောအမှုတို့ကိုလိုက်နာဆောင်ရွက်သင့် သည်ဖြစ်၍ ယခုငါ့အားဗတ္တိဇံမင်္ဂလာပေးပါ လော့'' ဟုမိန့်တော်မူ၏။ ထိုအခါယောဟန်သည် သဘောတူလေ၏။
Matthew 6:1``သင်တို့သည်အများမြင်သာအောင်လူမြင်ကွင်း တွင် အလှူဒါနမပြုမိစေရန်သတိပြုကြလော့။ သို့မဟုတ်ပါမူကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့၏အဖသည် သင်တို့အားမည်သည့်ကောင်း ချီးကိုမျှပေးသနားတော်မူလိမ့်မည်မဟုတ်။
Matthew 10:18သင်တို့သည်ငါ့အတွက်ကြောင့်အာဏာပိုင်များ နှင့်ရှင်ဘုရင်များရှေ့မှောက်သို့ရောက်ရကြလိမ့် မည်။ သို့ဖြစ်၍ထိုသူတို့အားလည်းကောင်း၊ လူမျိုး တကာတို့အားလည်းကောင်းငါ၏အကြောင်း သတင်းကောင်းကိုကြေညာခွင့်ရလိမ့်မည်။-
Matthew 16:20ထိုနောက်ကိုယ်တော်သည်မိမိခရစ်တော်ဖြစ်တော် မူကြောင်းကိုအဘယ်သူအားမျှမပြောရန်တပည့် တော်တို့အားပညတ်တော်မူ၏။