မိက္ခာအနာဂတ္တိကျမ်း 2:3
သို့ဖြစ်၍ထာဝရဘုရားက``သင်တို့ဘေး ဒုက္ခရောက်စေရန်ငါစီရင်မည်။ ထိုဘေးဒုက္ခ မှသင်တို့လွတ်မြောက်နိုင်လိမ့်မည်မဟုတ်။ သင်တို့သည်ဒုက္ခနှင့်တွေ့ကြုံရလိမ့်မည်။ ထိုအခါသင်တို့သည်မောက်မာကြွားဝါ နိုင်ကြလိမ့်မည်မဟုတ်။-
Common Language Bible
In The King James Version
In Context
Read all of မိက္ခာအနာဂတ္တိကျမ်း 2
Cross References
Isaiah 2:11လူတို့၏မာန်စွယ်ကျိုးမည့်အချိန်၊ မောက်မာ ထောင်လွှားမှုပျက်သုဉ်းမည့်အချိန်ကျရောက် လာလိမ့်မည်။ ထိုအခါထာဝရဘုရားတစ်ပါး တည်းသာလျှင်ချီးမြှောက်ခြင်းကိုခံတော်မူရ လိမ့်မည်။-
Isaiah 5:19သင်တို့က၊``ငါတို့တွေ့မြင်ရကြစေရန်ထာဝရ ဘုရားသည် မိမိမိန့်တော်မူသည့်အတိုင်းအလျင် အမြန်ပြုတော်မူပါစေသော။ ဣသရေလအမျိုး သားတို့၏သန့်ရှင်းမြင့်မြတ်တော်မူသည့်ဘုရားသခင်သည် မိမိ၏အကြံအစည်တော်တို့ကို အကောင်အထည်ဖော်တော်မူပါစေသော။ ကိုယ်တော်၏အကြံအစည်တော်ကိုငါ တို့ကြည့်ကြကုန်အံ့'' ဟုဆိုချေသည်။
Isaiah 29:20သူတစ်ပါးတို့ကိုဖိနှိပ်ချုပ်ချယ်ကာဘုရားသခင်အား မထီမဲ့မြင်ပြုသောသူတို့သည် အစတုံးကြလိမ့်မည်။ အပြစ်ကူးလွန်သူ မှန်သမျှသည်ဆုံးပါးပျက်စီးကြလိမ့်မည်။-
Jeremiah 13:15ဣသရေလပြည်သားတို့၊ ထာဝရဘုရားအမိန့်ရှိတော်မူပြီ။ စိတ်နှိမ့်ချလျက်နားထောင်ကြလော့။
Jeremiah 27:12ငါသည်ယုဒဘုရင်ဟေဇကိအားလည်း အထက်ပါအတိုင်းလျှောက်၏။ ငါက``အရှင် သည်ဗာဗုလုန်ဘုရင်၏ထမ်းပိုးအောက်တွင် အညံ့ခံပါလော့။ ထိုဘုရင်နှင့်သူ၏အမျိုး သားများ၏အစေကိုခံပါမူအသက်ချမ်း သာရာရပါလိမ့်မည်။-
Jeremiah 36:23ယေဟုဒိဖတ်၍သုံးလေးပိုဒ်မျှပြီးသည် နှင့်တစ်ပြိုင်နက်မင်းကြီးသည် ထိုအပိုဒ်တို့ ကိုဋ္ဌားနှင့်လှီးဖြတ်၍မီးထဲသို့ပစ်ထည့် လိုက်၏။ သူသည်ဤနည်းအတိုင်းပင်စာ လိပ်တစ်ခုလုံးမီးလောင်ကျွမ်း၍သွား သည့်တိုင်အောင်ပြုလေသည်။-