မိက္ခာအနာဂတ္တိကျမ်း 2:4
ထိုအချိန်ကာလရောက်ရှိလာသောအခါ လူများတို့က သင်တို့ဘေးဒုက္ခရောက်ရပုံ ကိုအကြောင်းပြု၍ ပြောစမှတ်ပြုကြ လိမ့်မည်။ သင်တို့၏ဘဝအတွေ့အကြုံ ကိုလည်းဤသို့ဝမ်းနည်းကြေကွဲဖွယ် တေးဖွဲ့သီဆိုကြလိမ့်မည်။ ငါတို့သည်လုံးဝအကျိုးနည်းပျက်စီး ကြပြီ။ ထာဝရဘုရားသည်ငါတို့ပြည်ကိုငါတို့ လက်မှ ရုပ်သိမ်း၍ရန်သူ့လက်သို့အပ်သဖြင့် ငါတို့သည်လည်းတစ်ပါးကျွန်ဖြစ်ရချေပြီ။
Common Language Bible
In The King James Version
In Context
Read all of မိက္ခာအနာဂတ္တိကျမ်း 2
Cross References
Numbers 23:18ထိုအခါဗာလမ်သည်အောက်ပါဗျာဒိတ်တော် ကိုဆင့်ဆိုလေ၏။ ``ဇိဖော်၏သားဗာလက်၊ငါ့ထံသို့လာ၍ ငါပြောမည့်စကားကိုနားထောင်လော့။
Numbers 24:15ထိုနောက်သူသည်အောက်ပါဗျာဒိတ်တော်ကို ဆင့်ဆိုလေ၏။ ``ဤကားဗောရ၏သားဗာလမ်ဆင့်ဆိုသော ဗျာဒိတ်တော်ဖြစ်၏။ ရှင်းလင်းစွာမြင်နိုင်သူ၏စကားများတည်း။
2 Samuel 1:17ဒါဝိဒ်သည်ရှောလုနှင့်ယောနသန်တို့အတွက် အောက်ပါသီချင်းကိုဖွဲ့ဆို၏။
2 Chronicles 35:25ပရောဖက်ယေရမိသည်ယောရှိမင်းအကြောင်း ငိုချင်းတစ်ပုဒ်ကိုရေးစပ်သီကုံး၍ အမျိုး သားအမျိုးသမီးအဆိုတော်များကယောရှိ ကွယ်လွန်သည့်အတွက် ဝမ်းနည်းပူဆွေးသည့် အထိမ်းအမှတ်ပြုရာတွင်ဤသီချင်းကို သီဆိုကြလေသည်။ ယင်းသို့သီဆိုမှုမှာ ဣသရေလအမျိုးသားတို့၏ဋ္ဌလေ့ထုံးစံ ဖြစ်လာရာ၊ ထိုငိုချင်းသည်ငိုချင်းပေါင်း ချုပ်တွင်ပါဝင်လေသည်။
Job 27:1ယောဘသည် လင်္ကာစကားကိုဆက်၍ မြွက်ဆို သည်ကား၊
Isaiah 14:4ဤသို့ကိုယ်တော်ပြုတော်မူသောအခါ၌ သူတို့သည်ဗာဗုလုန်ဘုရင်အားပြက်ရယ် ပြုကာ၊ ``ရက်စက်ကြမ်းကြုတ်သောမင်းသည်ကျဆုံး လေပြီ။ သူသည်နောက်တစ်ဖန်အဘယ်သူကို မျှဖိနှိပ်ချုပ်ချယ်ရတော့မည်မဟုတ်။-