The Bible Software
bible.software › မိက္ခာအနာဂတ္တိကျမ်း › မိက္ခာအနာဂတ္တိကျမ်း 7 › မိက္ခာအနာဂတ္တိကျမ်း 7:2

မိက္ခာအနာဂတ္တိကျမ်း 7:2

တိုင်း​ပြည်​ထဲ​တွင်​ရိုး​သား​ဖြောင့်​မတ်​သော​သူ၊ ဘု​ရား​သ​ခင်​အား​သစ္စာ​စောင့်​သိ​ရို​သေ​သော သူ​ဟူ​၍ တစ်​ယောက်​မျှ​မ​ရှိ​တော့​ချေ။ လူ့ အ​သက်​ကို​သတ်​ရန်​အ​ခွင့်​ကောင်း​ကို​လူ​တိုင်း စောင့်​လျက်​နေ​ကြ​၏။ ညီ​အစ်​ကို​အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက်​ကျော့​ကွင်း​ထောင်​၍ ဖမ်း​တတ်​ကြ​၏။-

Common Language Bible

In The King James Version

The good man is perished out of the earth: and there is none upright among men: they all lie in wait for blood; they hunt every man his brother with a net.

In Context

1မျှော်​လင့်​ချက်​ကုန်​ပြီ၊ ငါ​သည်​ဆာ​လောင် သ​ဖြင့် အ​ပင်​မှ​အ​သီး​ကို​သော်​လည်း​ကောင်း၊ စ​ပျစ်​နွယ်​မှ​စ​ပျစ်​သီး​ကို​သော်​လည်း​ကောင်း ရှာ​သော်​လည်း တစ်​လုံး​ကို​မျှ​မ​တွေ့​ရ​သော သူ​ကဲ့​သို့​ဖြစ်​၏။ စ​ပျစ်​သီး​ရှိ​သ​မျှ​နှင့်​စား ချင်​ဖွယ်​ကောင်း​သော​သ​ဖန်း​သီး​ရှိ​သ​မျှ ကို​ဆွတ်​ခူး​သွား​ကြ​ပြီ။-

3သူ​တို့​သည်​မ​ကောင်း​မှု​ကို​ပြု​လုပ်​ရန်​စိတ် အား​ထက်​သန်​ကြ​၏။ အ​ရာ​ရှိ​များ​နှင့် တ​ရား​သူ​ကြီး​များ​သည် တံ​စိုး​လက်​ဆောင် တောင်း​တတ်​ကြ​၏။ သြ​ဇာ​ရှိ​သော​သူ​၏ အ​လို​ဆန္ဒ​ကို​လိုက်​၍ သူ​တို့​သည်​မ​ကောင်း မှု​ကို​အ​တူ​တ​ကွ​ကြံ​စည်​ကြ​၏။-

Read all of မိက္ခာအနာဂတ္တိကျမ်း 7

Cross References

1 Samuel 26:20အ​ကျွန်ုပ်​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့်​ဝေး​ရာ တိုင်း​တစ်​ပါး​တွင်​မ​သေ​ပါ​ရ​စေ​နှင့်။ ဣ​သ ရေ​လ​ဘု​ရင်​သည်​အ​ဘယ်​ကြောင့်​ခွေး​လှေး မျှ​သာ​ဖြစ်​သော​အ​ကျွန်ုပ်​ကို သတ်​ဖြတ်​ရန် ကြွ​လာ​တော်​မူ​ရ​ပါ​သ​နည်း။ မင်း​ကြီး​သည် အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​အား​တော​ငှက်​သ​ဖွယ် လိုက်​လံ​ဖမ်း​ဆီး​တော်​မူ​ရ​ပါ​သ​နည်း။''

Psalms 12:1အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​အား​ကူ​မ​တော်​မူ​ပါ။ သူ​တော်​ကောင်း​တစ်​ယောက်​မျှ​မ​ကျန်​မ​ရှိ တော့​ပါ။ ရိုး​သား​ဖြောင့်​မတ်​သူ​များ​ကို​လည်း​ရှာ​၍ မ​တွေ့​နိုင်​တော့​ပါ။

Psalms 14:1လူ​မိုက်​တို့​က``ဘု​ရား​မ​ရှိ'' ဟု​တွေး​တော ထင်​မှတ်​ကြ​၏။ သူ​တို့​အား​လုံး​ပင်​အ​ကျင့်​ပျက်​ပြား​၍ စက်​ဆုပ်​ဖွယ်​ကောင်း​သော​အ​မှု​များ​ကို ပြု​ကျင့်​ကြ​လေ​ပြီ။ အ​ကျင့်​ကောင်း​ကို​ပြု​သူ​တစ်​ဦး​တစ်​ယောက်​မျှ မ​ရှိ။

Proverbs 1:11သူတို့က ငါတို့နှင့်အတူလိုက်တော့။ သူ့အသက် ကိုသတ်အံ့သောငှါ စောင့်ကြစို့။ အချည်းနှီးအပြစ်လွတ် သော သူတို့ကို ချောင်းမြောင်းကြစို့။

Isaiah 3:5လူ​တိုင်း​ပင်​တစ်​ဦး​အ​ပေါ်​တစ်​ဦး​အ​ခွင့်​ကောင်း ယူ​၍​ကိုယ်​ကျိုး​ရှာ​လိမ့်​မည်။ လူ​ငယ်​လူ​ရွယ်​တို့ သည်​လူ​ကြီး​သူ​မ​တို့​အား​လည်း​ကောင်း၊ ယုတ် ညံ့​သူ​တို့​သည်​မြင့်​မြတ်​သူ​တို့​အား​လည်း ကောင်း​အ​ရို​အ​သေ​ကင်း​မဲ့​ကြ​လိမ့်​မည်။

Isaiah 59:7သင်​တို့​သည်​မ​ကောင်း​မှု​တစ်​ခု​ခု​ကို​ထာ​ဝ စဉ်​ကြံ​စည်​လျက် အ​ပြစ်​ကို​မ​ဆိုင်း​မ​တွ ပြု​ကျင့်​တတ်​ကြ​၏။ အ​ပြစ်​မ​ရှိ​သော​သူ ကို​သတ်​ရန်​ပင်​လျှင်​လက်​မ​နှေး​ကြ။ သင် တို့​ရောက်​လေ​ရာ​အ​ရပ်​တိုင်း​၌​ဆုံး​ပါး ပျက်​စီး​မှု​သာ​လျှင်​ကျန်​ရှိ​ခဲ့​တတ်​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study မိက္ခာအနာဂတ္တိကျမ်း 7:2

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← မိက္ခာအနာဂတ္တိကျမ်း 7:1မိက္ခာအနာဂတ္တိကျမ်း 7မိက္ခာအနာဂတ္တိကျမ်း 7:3 →