Psalms 14:1
လူမိုက်တို့က``ဘုရားမရှိ'' ဟုတွေးတော ထင်မှတ်ကြ၏။ သူတို့အားလုံးပင်အကျင့်ပျက်ပြား၍ စက်ဆုပ်ဖွယ်ကောင်းသောအမှုများကို ပြုကျင့်ကြလေပြီ။ အကျင့်ကောင်းကိုပြုသူတစ်ဦးတစ်ယောက်မျှ မရှိ။
Common Language Bible
In The King James Version
In Context
Cross References
Genesis 6:5ကမ္ဘာအရပ်ရပ်တွင်လူတို့သည်အလွန်ဆိုး သွမ်း၍ စိတ်အကြံအစည်များလည်းအစဉ် မိုက်မဲလျက်ရှိသည်ကို ထာဝရဘုရားသိ မြင်တော်မူသောအခါ၊-
1 Samuel 25:25အသုံးမကျသူ၊ နာဗလ၏စကားကိုဂရု ပြုတော်မမူပါနှင့်။ သူသည်မိမိနာမည်နှင့် လိုက်အောင် မိုက်မဲသူဖြစ်ပါ၏။ အရှင်၊ အရှင့်အစေခံများလာရောက်ချိန်က အိမ်တွင်ကျွန်မမရှိပါ။-
Job 22:13သို့ဖြစ်၍သင်က၊ ဘုရားသခင်သည် အဘယ်သို့ သိတော်မူမည်နည်း။ ထူသောတိမ်တိုက်ကွယ်လျက်နှင့် စီရင်တော်မူနိုင်မည်လော။
Psalms 36:1သူယုတ်မာ၏စိတ်နှလုံးအတွင်း၌ အပြစ်ဒုစရိုက်သည်တီးတိုးလှုံ့ဆော်လျက်နေတတ်၏။ ထိုသူသည်ဘုရားကိုပစ်ပယ်တတ်၏။ ကိုယ်တော်ကိုလည်းမကြောက်မရွံ့တတ်။
Psalms 53:1လူမိုက်တို့က``ဘုရားမရှိ'' ဟုတွေးတော ထင်မှတ်တတ်ကြ၏။ သူတို့အားလုံးပင်အကျင့်ပျက်ပြား၍ စက်ဆုပ်သောအမှုတို့ကိုပြုကြလေပြီ။ မှန်ရာကိုပြုကျင့်သူတစ်ယောက်မျှမရှိ။
Psalms 92:6လူမိုက်တို့မသိနိုင်သောအရာ၊အသိဉာဏ်တုံး သူတို့ နားမလည်နိုင်သောအရာတစ်ခုရှိပါ၏။