Nehemiah 11:17
ဇာဗဒိ၏မြေး၊ မိက္ခာ၏သားမဿနိ။ သူသည် အာသပ်မှဆင်းသက်လာသူဖြစ်၏။ သူသည် ကျေးဇူးတော်ချီးမွမ်းရာဆုတောင်းပတ္ထနာ သီချင်းကိုသီဆိုရာတွင်ဗိမာန်တော်သီ ချင်းအဖွဲ့ခေါင်းဆောင်အဖြစ်ဆောင်ရွက် သူဖြစ်၏။ မဿနိ၏လက်ထောက်ဗာကဗုကိ။ ဂလာလ၏မြေး၊ ရှမွာ၏သားသြဗဒိ။ သူ သည်ယေဒုသုန်မှဆင်းသက်လာသူဖြစ်၏။
Common Language Bible
In The King James Version
In Context
Cross References
1 Chronicles 16:41ထာဝရဘုရား၏မေတ္တာတော်သည်ထာဝရ တည်သည်ဖြစ်၍ ထောမနာသီချင်းများဖြင့် ကိုယ်တော်၏ဂုဏ်တော်ကိုချီးမွမ်းရန်သီးခြား သတ်မှတ်ရွေးချယ်ထားသူဟေမန်၊ ယေဒုသုန် နှင့်အခြားသူတို့သည်လည်း ထိုအရပ်တွင် ယဇ်ပုရောဟိတ်များနှင့်အတူရှိကြပေ သည်။-
1 Chronicles 25:6သူတို့အားလုံးပင်ဖခင်စီစဉ်ညွှန်ကြားမှုအရ၊ လင်းကွင်းနှင့်စောင်းများကိုဗိမာန်တော်ဝတ်ပြု ကိုးကွယ်မှုနှင့်တွဲဖက်၍တီးကြ၏။ အာသပ်၊ ယေဒုသုန်နှင့်ဟေမန်တို့သည်ဘုရင်၏ အမိန့်တော်ခံများဖြစ်ကြ၏။
Nehemiah 12:8လေဝိအနွယ်ဝင်များစာရင်း။ အောက်ပါတို့သည်ကျေးဇူးတော်ချီးမွမ်းရာဋ္ဌမ္မသီချင်းများသီဆိုမှုတွင်တာဝန်ယူဆောင်ရွက်ရသူများဖြစ်ကြသည်။ ယောရှု၊ဗိနွိ၊ကပ်မျေလ၊ ရှေရဘိ၊ယုဒနှင့်မဿနိ၊
Nehemiah 12:25ဗိမာန်တော်အဝင်တံခါးအနီးရှိပစ္စည်းသိုလှောင်ခန်းများကိုတာဝန်ယူစောင့်ထိန်းရသောဗိမာန်တော်အစောင့်တပ်သားများမှာမဿနိ၊ ဗာကဗုကိ၊ သြဗဒိ၊ မေရှုလံ၊ တာလမုန်နှင့်အက္ကုပ်တို့ဖြစ်ကြ၏။
Nehemiah 12:46ရှေးကာလဒါဝိဒ်မင်းနှင့်ဂီတပညာသည်အာသပ်၏လက်ထက်မှအစပြု၍ ဘုရားသခင်၏ဂုဏ်တော်နှင့်ကျေးဇူးတော်ချီးမွမ်းရာသီချင်းများကိုဂီတပညာသည်များကဦးဆောင်သီဆိုခဲ့ကြသည်။-