Nehemiah 12:27
ယေရုရှလင်မြို့ရိုးကိုအနုမောဒနာပြုသောအခါလေဝိအနွယ်ဝင်တို့သည် အားရရွှင်လန်းစွာကျေးဇူးတော်ချီးမွမ်းရာသီချင်းများကိုသီဆိုလျက် လင်းကွင်းနှင့်စောင်းများကိုတီးလျက်ပါဝင်ဆင်နွှဲကြစေရန် သူတို့အားရောက်ရှိနေထိုင်လျက်ရှိသည့်အရပ်များမှခေါ်ယူခဲ့ကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 20:5``ထိုနောက်စစ်ဗိုလ်များက`သင်တို့တွင်အိမ် သစ်တစ်ဆောင်ကိုဆောက်၍ ဘုရားသခင်ထံ ဆက်ကပ်ခြင်းမပြုရသေးသူရှိသလော။ ရှိလျှင်ထိုသူသည်အိမ်သို့ပြန်စေ။ သို့မဟုတ် လျှင်အကယ်၍ သူသည်တိုက်ပွဲတွင်ကျဆုံး ခဲ့သော်အခြားသူတစ်ယောက်က သူ့အိမ် ကိုဘုရားသခင်ထံဆက်ကပ်ရလိမ့်မည်။-
1 Chronicles 13:8ဒါဝိဒ်နှင့်ဣသရေလပြည်သားတို့ကအစွမ်း ကုန်ကလျက် ဘုရားသခင်၏ဂုဏ်တော်ကိုချီး ကူးလျက်လာကြ၏။ သူတို့သည်သီချင်းဆို ၍စောင်း၊ ပတ်သာ၊ လင်းကွင်းနှင့်တံပိုးခရာ များကိုတီးမှုတ်ကြ၏။
1 Chronicles 15:12သူတို့အား``သင်တို့သည်လေဝိသားချင်းစု တို့၏ခေါင်းဆောင်များဖြစ်ကြ၏။ ငါအသင့် ပြင်ဆင်ထားသည့်ဌာနတော်သို့ ဣသရေလ အမျိုးသားတို့ဘုရားသခင်ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်လာ နိုင်စေရန် သင်တို့သည်မိမိတို့ကိုယ်ကိုလည်း ကောင်း၊ သင်တို့၏ညီအစ်ကိုများဖြစ်သော လေဝိအနွယ်ဝင်တို့ကိုလည်းကောင်းသန့် စင်စေကြလော့။-
1 Chronicles 15:28ဤနည်းအားဖြင့်ဣသရေလအမျိုးသား အပေါင်းတို့သည်ဝမ်းမြောက်စွာကြွေးကြော် ကာ တံပိုးခရာ၊ လင်းကွင်းနှင့်စောင်းများကို တီးမှုတ်လျက်ယေရုရှလင်မြို့သို့ပဋိညာဉ် သေတ္တာတော်ကိုပင့်ဆောင်လာကြ၏။
1 Chronicles 16:42ထောမနာသီချင်းများကိုသီဆိုချိန်၌ဟေမန် နှင့်ယေဒုသုန်တို့သည်တံပိုးခရာ၊ လင်းကွင်းနှင့် အခြားတူရိယာများကိုတီးမှုတ်ရာ၌လည်း တာဝန်ယူရကြ၏။ ယေဒုသုန်၏သားချင်းစု မှလူတို့သည် တံခါးများကိုတာဝန်ယူ၍ စောင့်ရသူများဖြစ်ကြ၏။
1 Chronicles 25:1ဒါဝိဒ်နှင့်လေဝိအနွယ်ဝင်ခေါင်းဆောင်တို့ သည် ကိုးကွယ်ဝတ်ပြုခြင်းအမှု၌ဦးဆောင် ရန်အာသပ်၊ ဟေမန်နှင့်ယေဒုသုန်သားချင်း စုတို့ကိုရွေးချယ်ကြ၏။ သူတို့သည်စောင်း သံ၊ လင်းကွင်းသံများနှင့်တွဲဖက်လျက် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဟောပြောကြ ရန်ဖြစ်၏။ ကိုးကွယ်ဝတ်ပြုမှုကိုဦးဆောင်ရန် ရွေးချယ်ခြင်းခံသူများနှင့်သူတို့ထမ်း ဆောင်ရမည့်အလုပ်တာဝန်များမှာ အောက်ပါအတိုင်းဖြစ်၏။