တောလည်ရာကျမ်း 32:15
ရုဗင်နှင့်ဂဒ်အနွယ်ဝင်များဖြစ်ကြသော သင်တို့သည် ထာဝရဘုရား၏နောက်တော် သို့ယခုမလိုက်ကြလျှင် ကိုယ်တော်သည် ဣသရေလတစ်မျိုးလုံးကိုတောကန္တာရ တွင်တစ်ဖန်စွန့်ပစ်တော်မူလိမ့်မည်။ သို့ဖြစ် ၍သင်တို့ကြောင့်ထိုသူအပေါင်းတို့သည် ပျက်စီးဆုံးပါးရကြလိမ့်မည်'' ဟုပြန် လည်ဖြေကြား၏။
Common Language Bible
In The King James Version
In Context
Cross References
Leviticus 26:14တစ်ဖန်ထာဝရဘုရားက``သင်တို့သည်ငါ ၏ပညတ်များကိုမစောင့်ထိန်းလျှင်အပြစ် ဒဏ်ခံရကြမည်။-
Deuteronomy 28:15``ယနေ့သင်တို့အားငါဆင့်ဆိုသောထာဝရ ဘုရား၏ ပညတ်တော်ရှိသမျှတို့ကိုတစ်သဝေ မတိမ်းမလိုက်နာမစောင့်ထိန်းလျှင် သင်တို့ အပေါ်၌အောက်ပါအမင်္ဂလာများသက် ရောက်စေတော်မူမည်။
Joshua 22:15သူတို့သည်ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင် နှင့်အရှေ့မနာရှေအနွယ်ဝင်တို့ရှိရာ ဂိလဒ်ပြည်သို့ရောက်ရှိလာကြ၍၊-
Joshua 22:18ကိုယ်တော်ကိုယခုပစ်ပယ်ကြမည်လော။ သင် တို့သည်ထာဝရဘုရားအားယနေ့ပုန်ကန် လျှင်နက်ဖြန်နေ့၌ကိုယ်တော်သည် ဣသရေလ တစ်မျိုးသားလုံးကိုအမျက်ထွက်တော်မူ လိမ့်မည်။-
2 Chronicles 15:2အာဇရိသည်အာသမင်းထံသို့သွားပြီးလျှင်``အို အာသမင်းနှင့်တကွယုဒနှင့်ဗင်္ယာမိန်အနွယ် ဝင်တို့၊ ငါ၏စကားကိုနားထောင်ကြလော့။ သင် တို့သည်ထာဝရဘုရား၏ဘက်၌ရှိနေသမျှ ကာလပတ်လုံး ကိုယ်တော်သည်သင်တို့နှင့်အတူ ရှိတော်မူမည်။ သင်တို့သည်ကိုယ်တော်အားရှာ ကြလျှင် ကိုယ်တော်သည်သင်တို့အားအတွေ့ ခံတော်မူလိမ့်မည်။ သို့ရာတွင်သင်တို့သည် ကိုယ်တော်အားကျောခိုင်းကြပါကကိုယ် တော်သည်လည်းသင်တို့အားစွန့်ပယ်တော် မူလိမ့်မည်။-
Matthew 18:7လူသားတို့အားယုံကြည်ခြင်းပျက်ပြယ်စေ သောအရာများရှိသည့်အတွက်လူသားတို့ သည်အမင်္ဂလာရှိကြ၏။ ယုံကြည်ခြင်းကိုပျက် ပြယ်စေသောအရာများကားမုချရှိမည်။ သို့ ရာတွင်ယုံကြည်ခြင်းပျက်ပြယ်မှုကိုဖြစ် စေသောသူသည်အမင်္ဂလာရှိ၏။