Obadiah 1:21
အောင်ပွဲရယေရုရှလင်မြို့သားတို့သည်၊ ဧဒုံပြည်ကိုတိုက်ခိုက်အုပ်စိုးကြလိမ့်မည်။ ထိုအခါထာဝရဘုရားကိုယ်တော်တိုင် ထိုပြည်တွင်နန်းစံတော်မူလိမ့်မည်။'' ပရောဖက်သြဗဒိ၏ဗျာဒိတ်ရူပါရုံပြီး၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 25:23ထာဝရဘုရားကရေဗက္ကအား ``သင်၏ဝမ်းထဲ၌လူနှစ်မျိုးရှိ၏။ သင်သည်အချင်းချင်းပြိုင်ဆိုင်မည့် လူမျိုးနှစ်မျိုးကိုဖွားမြင်မည်။ လူမျိုးတစ်မျိုးသည်အခြားတစ်မျိုးထက် ခွန်အားကြီးမည်။ အကြီးဖြစ်သူကအငယ်၏အစေကိုခံ ရမည်'' ဟုမိန့်တော်မူ၏။
Judges 3:9ထိုနောက်ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားထံတော်သို့ဟစ်အော်ကြ သောအခါ ကိုယ်တော်သည်သူတို့အားကယ် ဆယ်ရန်လူတစ်ယောက်ကိုစေလွှတ်တော်မူ၏။ ထိုသူမှာကာလက်၏ညီကေနတ်၏သား သြသံယေလပင်တည်း။-
Psalms 2:6ကိုယ်တော်က``သန့်ရှင်းမြင့်မြတ်သော ဇိအုန်တောင် ပေါ်တွင် ငါရွေးချယ်ထားသောရှင်ဘုရင်ကိုငါကိုယ်တိုင် တင်မြှောက်ပြီ'' ဟုမိန့်တော်မူ၏။
Psalms 22:29မာနကြီးသူအပေါင်းတို့သည်ကိုယ်တော်အား ဦးညွှတ်ရှိခိုးကြလိမ့်မည်။ သေမျိုးဖြစ်သူလူအပေါင်းတို့သည်ရှေ့တော်၌ ဦးညွှတ်ရှိခိုးကြလိမ့်မည်။
Psalms 149:5ထာဝရဘုရား၏လူစုတော်သည်စစ်ပွဲနိုင် သဖြင့် ရွှင်မြူးကြစေ။ အိပ်စက်ရာပေါ်မှာဝမ်းမြောက်စွာသီချင်းဆိုကြစေ။
Isaiah 9:6ငါတို့အဖို့သူငယ်ကိုဖွားမြင်၏။ ငါတို့အားသားကိုပေးသနားတော်မူပါ၏။ သူသည်ငါတို့ကိုအုပ်စိုးလိမ့်မည်။ ``သူ၏နာမတော်ကိုအံ့သြဖွယ်၊'' ``တိုင်ပင်ဘက်'' ``တန်ခိုးကြီးသောဘုရား'' ``ထာဝရအဖ'' ``ငြိမ်းချမ်းရေးအရှင်'' ဟူ၍နာမည်တွင် လိမ့်မည်။