Proverbs 25:8
အလျင်အမြန် ရန်မတွေ့နှင့်။ အိမ်နီးချင်းသည် သင့်ကို အရှက်ခွဲပြီးမှ၊ သင်သည် အဘယ်သို့ ပြုမည်နည်း။
Common Language Bible
In The King James Version
In Context
Cross References
2 Samuel 2:26အာဗနာကယွာဘအား``ငါတို့သည်အစဉ်အမြဲ ဆက်လက်တိုက်ခိုက်နေရကြပါမည်လော။ နောက်ဆုံး ၌စိတ်နာမှုမှတစ်ပါးအဘယ်အကျိုးမျှရှိမည် မဟုတ်ကြောင်း သင်မသိမမြင်ပါသလော။ ငါတို့ သည်သင်တို့နှင့်တစ်မြေတည်းနေ၊ တစ်ရေတည်း သောက်သူများဖြစ်ပါ၏။ ငါတို့အားလိုက်လံ တိုက်ခိုက်မှုကိုရပ်စဲကြစေရန် သင်၏လူတို့ အားအမိန့်မပေးဘဲအဘယ်မျှကြာအောင် ဆိုင်းငံ့နေပါဦးမည်နည်း'' ဟုဟစ်အော်၍ ပြော၏။
2 Kings 14:8ထိုနောက်အာမဇိသည် ဣသရေလဘုရင် ယဟောရှထံသို့သံတမန်များစေလွှတ် ပြီးလျှင် မိမိနှင့်စစ်ပြိုင်ရန်ဖိတ်ခေါ်လိုက် လေသည်။-
Proverbs 17:14ရန်တွေ့စအမှုသည် ရေကန်ပေါင်ပေါက်စကဲ့သို့ ဖြစ်သောကြောင့်၊ ရန်မတွေ့မှီတွေ့စရာ အကြောင်းကို ရှောင်လော့။
Proverbs 30:33အကယ်စင်စစ် နို့ကိုမွှေလျှင် ထောပတ်တွက် တတ်၏။ နှာခေါင်းကိုဆွဲလိမ်လျှင် အသွေးထွက်တတ်၏။ ထိုနည်းတူ၊ ဒေါသကိုနှိုးဆော်လျှင် ခိုက်ရန်ထွက်တတ်၏။
Jeremiah 5:31ပရောဖက်တို့သည်မှန်သောစကားကိုမပြောကြ။ ယဇ်ပုရောဟိတ်တို့သည်ပရောဖက်အမိန့်ပေးသည်အတိုင်းအုပ်စိုးကြ၏။ ငါ၏လူမျိုးတော်ကလည်းဤသို့ပြုကျင့်မှုတို့ကိုမကန့်ကွက်ကြ။ သို့ရာတွင်သူတို့သည်နောက်ဆုံးတစ်နေ့၌အဘယ်သို့ပြုကြမည်နည်း။
Luke 14:31အခြားတစ်နည်းဆိုသော်၊ အဘယ်မည်သော ဘုရင်သည်အခြားဘုရင်တစ်ပါးနှင့်စစ်ပြိုင် ရန်ထွက်မည်ပြုသောအခါ မိမိ၏စစ်သည် တစ်သောင်းဖြင့် စစ်သည်နှစ်သောင်းနှင့်ချီလာ သောဘုရင်အားခုခံနိုင်ပါမည်လောဟု ဦး စွာထိုင်၍မစဉ်းစားဘဲနေပါမည်လော။-