Psalms 10:8
သူသည်ရွာများတွင်ပုန်းအောင်းကာ အပြစ်မဲ့သူများကိုသတ်ဖြတ်တတ်၏။ ခိုကိုးရာမဲ့သူများကိုချောင်းမြောင်းနေတတ်၏။
Common Language Bible
In The King James Version
In Context
Cross References
Judges 9:25ရှေခင်မြို့သားတို့သည်အဘိမလက်အား တောင်ထိပ်များတွင် ချုံခိုချောင်းမြောင်းစေရန် အစောင့်ထားကြ၏။ ထိုအစောင့်တို့သည်ဖြတ် သန်းသွားလာသူတို့၏ဥစ္စာပစ္စည်းများကို လု ယူကြ၏။ ထိုသတင်းကိုအဘိမလက်ကြား သိရလေသည်။
1 Samuel 23:23သူပုန်းအောင်းနေသည့်အရပ်များကိုတိကျ သေချာစွာမှတ်သားပြီးမှ ငါ့ထံသို့ချက် ချင်းသတင်းပေးပို့လော့။ ထိုအခါသင်တို့ နှင့်အတူငါလိုက်၍ရှာဖွေမည်။ ဒါဝိဒ်သည် ယုဒပြည်တွင်ရှိနေသေးလျှင် ငါသည်ယုဒ ပြည်တစ်လျှောက်လုံးကိုပင်လိုက်လံရှာဖွေ ရစေကာမူသူ့ကိုမိအောင်ဖမ်းမည်'' ဟု မိန့်တော်မူ၏။
Job 24:14လူသတ်သည် စောစောထ၍ ဆင်းရဲငတ်မွတ် သော သူတို့ကို သတ်တတ်၏။ ညဉ့်အခါ သူခိုးလုပ်တတ် ၏။
Psalms 94:6သူတို့သည်မုဆိုးမများနှင့်မိဘမဲ့ သူတို့အား သတ်ဖြတ်ကြပါ၏။ ကျွန်တော်မျိုးတို့ပြည်တွင်နေထိုင်ကြသော ဧည့်သည်တို့ကိုသတ်ကြပါ၏။
Proverbs 6:12ဆိုးယုတ်သော သူနှင့်မတရားသောသူသည် ကောက်လိမ်သော စကား၌ ကျင်လည်တတ်၏။
Jeremiah 22:17``သို့ရာတွင်သင်မူကားတစ်ကိုယ်ကောင်းစိတ်နှင့် မိမိအကျိုးရှိမှုကိုသာလျှင်စိတ်ဝင်စား၏။ အပြစ်မဲ့သူတို့ကိုသတ်ဖြတ်၍မိမိ၏ အမျိုးသား တို့အားပြင်းပြင်းထန်ထန်နှိပ်စက်ညှင်းပန်း၏။''