Psalms 10:9
သူသည်သားကောင်ကိုဖမ်းဆီးရန်သားရဲတွင်း၌ ချောင်းမြောင်းနေသောခြင်္သေ့ကဲ့သို့ဝပ်၍နေ တတ်၏။ သူသည်ဆင်းရဲသူများကိုချောင်းမြောင်း၍ မိမိပိုက်ကွန်တွင်ဖမ်းဆီးပြီးလျှင်ဆွဲယူ သွားတတ်၏။
Common Language Bible
In The King James Version
In Context
10သူ၏ရက်စက်သောခွန်အားဖြင့်ခိုကိုးရာမဲ့ သူတို့ကို ပြိုလဲစေ၏။
Cross References
Job 5:15ထိုသူတို့စီရင်သောထားဘေးမှ၎င်း၊ အားကြီးသောသူတို့၏ လက်မှ၎င်း၊ ဆင်းရဲသားတို့ကို ကယ်နှုတ် တော်မူ၏။
Psalms 12:5ထာဝရဘုရားက ``သို့ရာတွင်ချို့တဲ့နွမ်းပါးသူတို့သည်ဖိစီး နှိပ်စက်ခြင်းကိုခံရကြသဖြင့်လည်းကောင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းခံရကြသူတို့သည် ဝေဒနာနှင့် ညည်းတွားနေကြသဖြင့်လည်းကောင်း၊ ငါသည်ယခုပင်ကြွလာမည်။ သူတို့လိုလားတောင့်တကြသည့်ဘေးလွတ် လုံခြုံမှုကို သူတို့အားငါပေးမည်'' ဟုမိန့်တော်မူ၏။
Psalms 35:10``ကိုယ်တော်နှင့်အဘယ်သူတူပါသနည်း။ အဘယ်သူသည်ကိုယ်တော်ကဲ့သို့အားနွဲ့ သူကို အားကြီးသူ၏ဘေးမှလည်းကောင်း၊ ဆင်းရဲနွမ်းပါးသူကိုဖိစီးနှိပ်စက်တတ်သူ၏ ဘေးမှလည်းကောင်း ကွယ်ကာစောင့်ရှောက်ပါသနည်း'' ဟု ထာဝရဘုရားအားခံစားချက်အပြည့် အဝဖြင့် ငါလျှောက်ထားမည်။
Psalms 59:3ကျွန်တော်မျိုးအားထိုသူတို့တိုက်ခိုက်ရန် စောင့်လျက် နေကြသည်ကိုကြည့်တော်မူပါ။ ရက်စက်ကြမ်းကြုတ်သူတို့သည်ကျွန်တော်မျိုး အား တိုက်ခိုက်ရန်စုရုံးကြပါ၏။ အို ဘုရားသခင်၊ ထိုသူတို့သည်ကျွန်တော်မျိုးအားတိုက်ခိုက်ရန် လျင်မြန်စွာနေရာယူစုရုံးကြသည်မှာ ကျွန်တော်မျိုး၏ချွတ်ယွင်းမှုတစ်စုံတစ်ရာ ကြောင့် မဟုတ်ပါ။ ကျွန်တော်မျိုးပြုမိသည့်အပြစ်နှင့် မှားယွင်းမှုကြောင့်လည်းမဟုတ်ပါ။
Psalms 140:5မာန်မာနကြီးသူတို့သည်ကျွန်တော်မျိုးအတွက် ထောင်ချောက်ကိုထောင်ထားကြပါပြီ။ သူတို့သည်ကျွန်တော်မျိုးအားဖမ်းရန် လမ်းတွင်ပိုက်ကွန်ကိုဖြန့်၍ကျော့ကွင်းကို ထောင်ထားကြပါပြီ။
Proverbs 22:16ကိုယ်စီးပွါးအဘို့ ဆင်းရဲသားတို့ကို ညှဉ်းဆဲ သောသူနှင့်၊ ငွေရတတ်သော သူတို့အား ပေးသောသူ သည် ဆင်းရဲခြင်းသို့ အမှန်ရောက်လိမ့်မည်။