Psalms 103:10
ငါတို့အားခံထိုက်သည့်အပြစ်ဒဏ်ကိုခံစေ တော်မမူ၊ ငါတို့၌အပြစ်များနှင့်အမှားများရှိသည့် အတိုင်း အပြစ်ပေးတော်မမူ။
Common Language Bible
In The King James Version
He hath not dealt with us after our sins; nor rewarded us according to our iniquities.
In Context
9ကိုယ်တော်သည်အစဉ်မပြတ်ပြစ်တင်၍နေတော် မမူ။ အစဉ်အမြဲအမျက်ထွက်တော်မမူ။
Cross References
Nehemiah 9:31သို့ရာတွင်လည်းကရုဏာတော် ကြီးမားတော်မူသည်နှင့်အညီ ကိုယ်တော်သည်သူတို့အားစွန့်ပစ်တော်မမူပါ။ ဆုံးပါးပျက်စီးစေတော်မမူပါ။ ကိုယ်တော်သည်သနားကြင်နာ၍ ကရုဏာနှင့်ပြည့်စုံကြွယ်ဝတော်မူသောဘုရား ဖြစ်တော်မူပါသည်တကား။
Job 33:27သူကလည်း၊ ငါသည် ပြစ်မှားပါပြီ။ မှန်သော တရားကိုမှောက် ပါပြီ။ သို့သော်လည်း ကိုယ်ခံထိုက်သော အပြစ်ကိုမခံရဘဲ၊
Lamentations 3:22ထာဝရဘုရား၏မကုန်ဆုံးနိုင်သောမေတ္တာ တော်နှင့် ကရုဏာတော်သည် မိုးသောက်ချိန်ကဲ့သို့လန်းဆန်းလျက်၊ နေထွက်ချိန် ကဲ့သို့ဧကန်မုချတည်မြဲ၍နေတော်မူသေးသည်။