Psalms 103:11
ကမ္ဘာမြေပြင်အထက်ရှိမိုးကောင်းကင်သည် မြင့်မားသည်နှင့်အမျှ ကိုယ်တော်ကိုကြောက်ရွံ့သူတို့အတွက်ထားရှိသော မေတ္တာတော်သည်ကြီးမားတော်မူ၏။
Common Language Bible
In The King James Version
For as the heaven is high above the earth, so great is his mercy toward them that fear him.
In Context
Cross References
Psalms 31:20လူတို့၏လျှို့ဝှက်ကြံစည်မှုမှ ကင်းလွတ်စေအံ့သောငှာအထံတော်၌ ခိုလှုံကြသူတို့ကိုကိုယ်တော်ရှင်သည် အထံတော်တွင်လုံခြုံစွာဝှက်၍ထားတော်မူ ပါ၏။ ရန်သူများ၏စော်ကားမှုများမှကင်းလွတ်စေရန် သူတို့ကိုလုံခြုံရာအရပ်တွင်ဝှက်၍ ထားတော်မူပါ၏။
Psalms 57:10ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် မိုးကောင်းကင်သို့တိုင်အောင်လည်းကောင်း၊ ကိုယ်တော်ရှင်၏သစ္စာတော်သည်အာကာသသို့ တိုင်အောင်လည်းကောင်းရောက်ပါ၏။
Psalms 103:17သို့ရာတွင်ထာဝရဘုရားကိုကြောက်ရွံ့ ရိုသေကြသူတို့အတွက် ကိုယ်တော်ထားရှိတော်မူသောမေတ္တာတော်မူကား ထာဝစဉ်ခိုင်မြဲပေသည်။ ပဋိညာဉ်တော်ကိုစောင့်ထိန်း၍ပညတ်တော်တို့ကို သစ္စာနှင့်လိုက်နာကျင့်သုံးကြသူတို့အပေါ်သို့ ကိုယ်တော်၏ကျေးဇူးကရုဏာတော်သည် သားစဉ်မြေးဆက်သက်ရောက်သတည်း။
Proverbs 25:3မိုဃ်းကောင်းကင်သည် မြင့်၏။ မြေကြီးသည် နက်၏။ ရှင်ဘုရင်နှလုံးကိုလည်း စစ်၍မသိနိုင်။
Luke 1:50ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူအပေါင်းတို့အား သားစဉ်မြေးဆက်ကရုဏာထားတော်မူ၏။