Psalms 103:22
ထာဝရဘုရားအုပ်စိုးတော်မူရာအရပ်ရှိ ဖန်ဆင်းခြင်းခံရသောသတ္တဝါအပေါင်းတို့၊ ကိုယ်တော်အားထောမနာပြုကြလော့။ အို ငါ့ဝိညာဉ်၊ထာဝရဘုရားအားထောမနာ ပြုလော့။
Common Language Bible
In The King James Version
Bless the LORD, all his works in all places of his dominion: bless the LORD, O my soul.
In Context
Cross References
Psalms 104:1အို ငါ့ဝိညာဉ်၊ထာဝရဘုရားအားထောမနာ ပြုလော့။ ကျွန်တော်မျိုး၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အလွန်ကြီးမြတ်တော်မူ ပါ၏။ ကိုယ်တော်ရှင်သည်တန်ခိုးတော်နှင့် ဘုန်းအသရေတော်တို့ဖြင့်တန်ဆာဆင်လျက် ရှိတော်မူပါ၏။
Psalms 145:10အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသမျှသော သတ္တဝါတို့သည်ကိုယ်တော်ရှင်အားထောမနာ ပြုကြပါလိမ့်မည်။ ကိုယ်တော်ရှင်၏လူစုတော်သည်ကျေးဇူး တော်ကို ချီးမွမ်းကြပါလိမ့်မည်။
Psalms 146:1ထာဝရဘုရားအားထောမနာပြုလော့။ အို ငါ့ဝိညာဉ်၊ထာဝရဘုရားအားထောမနာ ပြုလော့။
Psalms 148:3နေနှင့်လတို့၊ကိုယ်တော်အားထောမနာပြု ကြလော့။ ထွန်းတောက်သောကြယ်တာရာတို့၊ကိုယ်တော် အား ထောမနာပြုကြလော့။
Isaiah 42:10သီချင်းသစ်ကိုဆို၍ထာဝရဘုရား၏ဂုဏ် တော်ကို ချီးမွမ်းကြလော့။ ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၊ ကိုယ်တော်ကို ထောမနာပြု၍သီချင်းဆိုကြလော့။ ပင်လယ်တွင်ကူးသန်းသွားလာသူတို့ကိုယ်တော်ကို ထောမနာပြုကြလော့။ ပင်လယ်သတ္တဝါအပေါင်းတို့၊ ကိုယ်တော်ကို ထောမနာပြုကြလော့။ ရပ်ဝေးနိုင်ငံများနှင့်ယင်းတို့တွင် နေထိုင်သူအပေါင်းတို့သီချင်းဆိုကြလော့။
Isaiah 44:23အချင်းမိုးကောင်းကင်၊ ဝမ်းမြောက်ရွှင်လန်း စွာ ကြွေးကြော်ကြလော့။ ကမ္ဘာမြေကြီးရှိနက်ရှိုင်းရာအရပ်တို့၊ ကြွေးကြော်ကြလော့။ တောင်များနှင့်တောမှသစ်ပင်အပေါင်းတို့၊ ဝမ်းမြောက်ရွှင်လန်းစွာကြွေးကြော်ကြလော့။ ထာဝရဘုရားသည်မိမိ၏လူမျိုးတော် ဣသရေလအမျိုးသားတို့အားကယ်တော် မူ၍၊ မိမိ၏ ဘုန်းအာနုဘော်တော်ကိုပြတော်မူပြီ။