Psalms 23:5
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအတွက် ရန်သူအပေါင်းတို့၏ရှေ့မှောက်တွင်စားပွဲကို တည်ခင်းတော်မူပါ၏။ ဧည့်သည်တော်အဖြစ်ကျွန်တော်မျိုး၏ဦးခေါင်းကို ဆီလောင်း၍ကြိုဆိုတော်မူ၏။ ကျွန်တော်မျိုး၏ခွက်ဖလားကိုလည်း ပြည့်လျှံအောင်ဖြည့်တော်မူပါ၏။
Common Language Bible
In The King James Version
In Context
Cross References
Psalms 16:5အို ထာဝဘုရား၊ ကျွန်တော်မျိုးမှီခိုရာကိုယ်တော်ရှင်တစ်ပါး သာလျှင် ရှိပါ၏။ ကျွန်တော်မျိုးလိုသောအရာရှိသမျှတို့ကိုလည်း ကိုယ်တော်ရှင်ပေးတော်မူပါ၏။ ကျွန်တော်မျိုး၏အနာဂတ်သည်ကိုယ်တော်၏ လက်ဝယ်ရှိပါ၏။
Psalms 22:29မာနကြီးသူအပေါင်းတို့သည်ကိုယ်တော်အား ဦးညွှတ်ရှိခိုးကြလိမ့်မည်။ သေမျိုးဖြစ်သူလူအပေါင်းတို့သည်ရှေ့တော်၌ ဦးညွှတ်ရှိခိုးကြလိမ့်မည်။
Psalms 45:7အမှန်တရားကိုနှစ်သက်၍ဆိုးညစ်မှုကို မုန်းတော်မူပါ၏။ သို့ဖြစ်သောကြောင့်အရှင်မင်းကြီး၏ ဘုရားတည်းဟူသောဘုရားသခင်သည် အရှင်မင်းကြီးအားရွေးချယ်တော်မူပြီးလျှင် အခြားဘုရင်အပေါင်းတို့ထက် ချီးမြှောက်၍ဝမ်းမြောက်ခြင်းတည်းဟူသော ဆီကိုသွန်းတော်မူပါပြီ။
Psalms 92:10ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား နွားလားရိုင်းကဲ့သို့သန်စွမ်းစေတော်မူပါပြီ။ ကျွန်တော်မျိုးအားရွှင်လန်းဝမ်းမြောက်ရခြင်း ကောင်းချီးမင်္ဂလာကိုပေးတော်မူပါပြီ။
Psalms 104:15မိမိအားစိတ်ကိုပျော်ရွှင်စေရန် စပျစ်ရည်ကိုလည်းကောင်း၊ လန်းဆန်းစေရန်သံလွင်ဆီကိုလည်းကောင်း၊ ခွန်အားဖြစ်စေရန်အစားအစာကိုလည်းကောင်း ရရှိနိုင်ပါ၏။
Isaiah 25:6အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဇိအုန် တောင်တော်ပေါ်တွင်ကမ္ဘာပေါ်ရှိလူမျိုးတကာ တို့အတွက် အမွန်မြတ်ဆုံးစားဖွယ်ခဲဖွယ်များ နှင့်အကောင်းဆုံးစပျစ်ရည်များဖြင့် ညစာ စားပွဲကြီးကိုပြင်ဆင်တော်မူလိမ့်မည်။-