Psalms 106:23
ဘုရားသခင်သည်မိမိ၏လူစုတော်အား သုတ်သင်ဖျက်ဆီးတော်မူမည်ဟုမိန့်တော်မူ သောအခါ ကိုယ်တော်ရွေးချယ်တော်မူသည့်အစေခံ မောရှေသည် ဆီးတားသဖြင့် အမျက်တော်ထွက်၍ထိုသူတို့အားသုတ်သင် ဖျက်ဆီးတော်မမူ။
Common Language Bible
In The King James Version
In Context
Cross References
Exodus 32:11သို့ရာတွင်မောရှေသည် မိမိ၏ဘုရားသခင် ထာဝရဘုရားအားတောင်းပန်လျှောက်ထား သည်မှာ``အို ထာဝရဘုရား၊ ကိုယ်တော်သည် အီဂျစ်ပြည်မှ၊ မဟာတန်ခိုးတော်ဖြင့်ကယ် တင်ခဲ့သောကိုယ်တော်၏လူမျိုးတော်ကို အမျက်ပြင်းစွာထွက်တော်မူမည်လော။-
Exodus 32:32သူတို့၏အပြစ်ကိုလွှတ်တော်မူပါ။ သူတို့၏ အပြစ်ကိုလွှတ်တော်မမူလျှင်၊ ကိုယ်တော်၏လူ မျိုးတော်နာမည်စာရင်းမှအကျွန်ုပ်၏နာမည် ကိုပယ်ဖျက်တော်မူပါ'' ဟုတောင်းပန်လျှောက် ထားလေ၏။
Deuteronomy 9:13``တစ်ဖန်ထာဝရဘုရားက ငါ့အား`သူတို့ သည်ခေါင်းမာသောလူမျိုးဖြစ်၏။-
Deuteronomy 9:25``ထာဝရဘုရားသည် သင်တို့အားသုတ်သင်ဖျက် ဆီးမည်ဖြစ်သောကြောင့် ငါသည်ရက်ပေါင်းလေး ဆယ်ပတ်လုံး ကိုယ်တော်၏ရှေ့မှောက်တွင်ပျပ်ဝပ် လျက်နေခဲ့၏။-
Job 35:8သင်ပြုသော ဒုစရိုက်သည် သင်နှင့်တူသော လူသတ္တဝါကိုသာ ထိခိုက်နိုင်၏။ သင်ပြုသော သုစရိုက် သည်လည်း လူသားတို့၌သာ ကျေးဇူးပြုနိုင်၏။
Psalms 105:26ထိုနောက်ကိုယ်တော်သည်မိမိ၏အစေခံမောရှေနှင့် ကိုယ်တော်ရွေးချယ်တော်မူသူအာရုန်ကို စေလွှတ်တော်မူ၏။