Psalms 106:24
ထိုနောက်သူတို့သည်သာယာသောပြည်သို့ ဝင်ရန် ငြင်းဆန်ကြသည်။ အဘယ်ကြောင့်ဆိုသော်သူတို့သည်ဘုရားသခင်၏ ကတိတော်ကိုမယုံကြသောကြောင့်ဖြစ်၏။
Common Language Bible
In The King James Version
Yea, they despised the pleasant land, they believed not his word:
In Context
Cross References
Genesis 25:34ထိုအခါယာကုပ်ကမုန့်နှင့်ပဲဟင်းကိုသူ့အား ပေး၍သူသည်စားသောက်ပြီးလျှင်ထွက်သွား လေ၏။ ထိုသို့လျှင်ဧသောသည်မိမိ၏သားဦး အရာကိုမထီလေးစားပြုသတည်း။
Numbers 14:2သူတို့သည်မောရှေနှင့်အာရုန်တို့အား``ငါတို့ သည်အီဂျစ်ပြည်၌ဖြစ်စေ၊ ဤတောကန္တာရ ၌ပင်ဖြစ်စေသေရခြင်းကသာ၍ကောင်း ပါသေးသည်။-
Numbers 14:11ထာဝရဘုရားကမောရှေအား``ဤလူတို့ သည်မည်မျှကာလပတ်လုံးငါ့ကိုပစ်ပယ် ကြမည်နည်း။ ငါသည်သူတို့တွင်အံ့သြဖွယ် အမှုများစွာတို့ကိုပြခဲ့သော်လည်း သူတို့ သည်မည်မျှကာလပတ်လုံးငါ့ကိုမယုံ ကြည်မကိုးစားဘဲနေကြမည်နည်း။-
Deuteronomy 1:26``သို့ရာတွင်သင်တို့သည်သင်တို့ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကိုဖီဆန်လျက် ထိုပြည်ထဲသို့မဝင်ဘဲနေကြ၏။-
Deuteronomy 8:7သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကိုအစာရေစာပေါကြွယ်ဝသောပြည် သို့ပို့ဆောင်လျက်ရှိတော်မူ၏။ ထိုပြည်ရှိချိုင့် ဝှမ်းနှင့်တောင်ကုန်းများတွင် မြစ်များ၊ စမ်းပေါက် များ၊ မြေအောက်စမ်းများစီးထွက်လျက်ရှိလေ သည်။-
Deuteronomy 11:11သို့ရာတွင်သင်တို့ဝင်ရောက်မည့်ပြည်သည် ကားတောင်များ၊ ချိုင့်ဝှမ်းများရှိ၍မိုးရေ ဖြင့်စိုက်ပျိုးနိုင်သောပြည်၊-