The Bible Software
bible.software › Psalms › Psalms 109 › Psalms 109:21

Psalms 109:21

သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​က​တိ​တော်​ရှိ​သည်​အ​တိုင်း ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​မေတ္တာ​တော်​ကို​ထောက်​၍ ကျွန်​တော်​မျိုး​အား​ကယ်​ဆယ်​တော်​မူ​ပါ။

Common Language Bible

In The King James Version

But do thou for me, O GOD the Lord, for thy name’s sake: because thy mercy is good, deliver thou me.

In Context

20အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​အ​ကြောင်း​ဆိုး​ရွား​သည့် သ​တင်း​ကို​လွှင့်​သူ​ကျွန်​တော်​မျိုး​၏​ရန်​သူ​တို့ အား ဤ​နည်း​အ​တိုင်း​အ​ပြစ်​ပေး​တော်​မူ​ပါ။

22ကျွန်​တော်​မျိုး​သည်​ဆင်း​ရဲ​ချို့​တဲ့​နွမ်း​ပါး ပါ​၏။ အ​သည်း​နှ​လုံး​ထဲ​တွင်​နာ​ကြည်း​လျက်​ရှိ​ပါ​၏။

Read all of Psalms 109

Cross References

Psalms 25:11အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​အ​ပြစ်​တို့​သည်​များ​လှ​ပါ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​ရှင်​၏​က​တိ​တော်​ကို တည်​စေ​တော်​မူ​လျက်​ကျွန်​တော်​မျိုး​၏ အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ။

Psalms 36:7အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် လွန်​စွာ​မြတ်​နိုး​ဖွယ်​ဖြစ်​ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​၏​အ​တောင် တော်​ရိပ် အောက်​တွင်​ဘေး​မဲ့​လုံ​ခြုံ​ခွင့်​ရ​ရှိ​ကြ​ပါ​၏။

Psalms 69:16အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် ကောင်း​မြတ်​သည်​ဖြစ်​၍​ကျွန်​တော်​မျိုး​၏ ပန်​ကြား​ခြင်း​ကို​နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​လွန်​စွာ​သ​နား​ကြင်​နာ တော်​မူ​တတ်​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​အား​လှည့်​၍​ကြည့်​တော်​မူ​ပါ။

Psalms 79:9အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​တို့​ကို​ကူ​မ​တော်​မူ​ပါ။ ကယ်​မ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို​ထောက်​၍ ကျွန်​တော်​မျိုး​တို့​ကို​ကယ်​ဆယ်​တော်​မူ​၍ ကျွန်​တော်​မျိုး​တို့​၏​အ​ပြစ်​များ​ကို ဖြေ​လွှတ်​တော်​မူ​ပါ။

Psalms 86:15အို ဘု​ရား​ရှင်၊ ကိုယ်​တော်​ရှင်​သည်​ချစ်​ခင်​ကြင်​နာ​တတ်​သော​ဘု​ရား ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​အ​စဉ်​အ​မြဲ​စိတ်​ရှည် သည်း​ခံ​တော်​မူ​ပါ​၏။ အ​စဉ်​သ​နား​လျက်​သစ္စာ​ရှိ​တော်​မူ​ပါ​၏။

John 17:1ဤ​သို့​မိန့်​တော်​မူ​ပြီး​နောက်​သ​ခင်​ယေ​ရှု​သည် ကောင်း​ကင်​သို့​မျှော်​ကြည့်​လျက် ``အို အ​ဖ၊ အ​ချိန် ကျ​ပါ​ပြီ။ သား​တော်​သည်​ကိုယ်​တော်​၏​ဘုန်း အ​သ​ရေ​တော်​ကို​ထွန်း​တောက်​စေ​နိုင်​ရန် သား တော်​၏​ဘုန်း​အ​သ​ရေ​ကို​ထွန်း​တောက်​စေ တော်​မူ​ပါ။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Psalms 109:21

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)
← Psalms 109:20Psalms 109Psalms 109:22 →