Psalms 109:20
အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏အကြောင်းဆိုးရွားသည့် သတင်းကိုလွှင့်သူကျွန်တော်မျိုး၏ရန်သူတို့ အား ဤနည်းအတိုင်းအပြစ်ပေးတော်မူပါ။
Common Language Bible
In The King James Version
In Context
Cross References
2 Samuel 17:23အဟိသောဖေလသည်မိမိပေးသည့် အကြံကိုမလိုက်ကြကြောင်းသိရှိသော အခါ မြည်းကိုကုန်းနှီးတင်၍မိမိနေရင်း မြို့သို့ပြန်လေ၏။ သူသည်မိမိ၏အမှု ကိစ္စအဝဝကိုစီစဉ်ဆောင်ရွက်ပြီးနောက် ကြိုးဆွဲချ၍သေလေ၏။ သူ့အလောင်းကို သက်ဆိုင်ရာဆွေမျိုးစုသင်္ချိုင်းတွင်သင်္ဂြိုဟ် ကြ၏။
1 Kings 2:44သင်သည်ခမည်းတော်အားပြစ်မှားခဲ့သည့် အမှုအပေါင်းကိုကောင်းစွာသိပေသည်။ ထို အမှုများအတွက်သင့်အားထာဝရဘုရား သည်အပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။-
Psalms 2:12တုန်လှုပ်လျက်ရှေ့တော်တွင်ဦးညွှတ်ပျပ်ဝပ်ကြလော့။ ယင်းသို့မပြုပါမူကိုယ်တော်သည် အမျက်တော်ထွက်တော်မူသဖြင့် သင်တို့သည်မုချသေကြေပျက်စီးကြလိမ့်မည်။ ကိုယ်တော်ထံတော်သို့ချဉ်းကပ်ခိုလှုံသူ အပေါင်းတို့သည်မင်္ဂလာရှိကြ၏။
Psalms 40:14ကျွန်တော်မျိုးအားသတ်ရန်ကြိုးစားကြသူ တို့သည် လုံးဝအရေးရှုံးနိမ့်၍ကစဥ့်ကရဲဖြစ်ကြ ပါစေသော။ ကျွန်တော်မျိုး၏ဒုက္ခများကိုအကြောင်းပြု၍ ဝမ်းမြောက်ကြသူတို့သည်တပ်လန်၍ အရှက်ကွဲရကြပါစေသော။
Psalms 94:23ကိုယ်တော်သည်ထိုသူတို့၏ယုတ်မာမှုများ အတွက် အပြစ်ဒဏ်ပေးတော်မူလိမ့်မည်။ သူတို့၏အပြစ်များအတွက်သူတို့အား သုတ်သင်ဖျက်ဆီးတော်မူလိမ့်မည်။ ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့အားသုတ်သင်ဖျက်ဆီးတော်မူလိမ့်မည်။
Psalms 110:5ဘုရားရှင်သည်အရှင်မင်းကြီး၏လက်ယာ ဘက်တွင် ရှိတော်မူပါ၏။ အမျက်ထွက်တော်မူရာနေ့ရက်၌ကိုယ်တော် သည် ဘုရင်အပေါင်းတို့ကိုနှိမ်နင်းတော်မူလိမ့်မည်။