Psalms 109:3
သူတို့သည်ကျွန်တော်မျိုးအားအကြောင်းမဲ့ တိုက်ခိုက်၍ကျွန်တော်မျိုး၏အကြောင်း ဆိုးရွားသောသတင်းများကိုလွှင့်ကြပါ၏။
Common Language Bible
In The King James Version
They compassed me about also with words of hatred; and fought against me without a cause.
In Context
Cross References
1 Samuel 26:18အရှင်သည်အဘယ်ကြောင့်မိမိ၏အစေခံဖြစ် သူအကျွန်ုပ်အား လိုက်လံဖမ်းဆီးလျက်ပင်ရှိ နေပါသေးသနည်း။ အကျွန်ုပ်သည်အဘယ် ရာဇဝတ်မှုကိုကူးလွန်မိပါသနည်း။-
2 Samuel 16:7ရှိမိက``အသက်ကိုသတ်သောအချင်း ရာဇဝတ်ကောင်၊ ထွက်သွားလော့။ ထွက်သွား လော့။-
Psalms 22:12ကျွန်တော်မျိုး၏ရန်သူတို့သည်ဗာရှန်ဒေသမှ ကြောက်မက်ဖွယ်ကောင်းသောနွားသိုးများကဲ့သို့ ကျွန်တော်မျိုးကိုဝိုင်းရံထားကြပါ၏။
Psalms 35:19ကျွန်တော်မျိုး၏ရန်သူလူလိမ်လူညာများ အား ကျွန်တော်မျိုးအရေးရှုံးနိမ့်မှုကိုအကြောင်း ပြုကာ နှစ်ထောင်းအားရခွင့်ကိုပေးတော်မမူပါ နှင့်။ အကြောင်းမဲ့ကျွန်တော်မျိုးကိုမုန်းသောသူတို့အား ကျွန်တော်မျိုး၏ဝမ်းနည်းမှုကိုအကြောင်းပြု၍ လှောင်ပြောင်ခွင့်ကိုပေးတော်မမူပါနှင့်။
Psalms 59:3ကျွန်တော်မျိုးအားထိုသူတို့တိုက်ခိုက်ရန် စောင့်လျက် နေကြသည်ကိုကြည့်တော်မူပါ။ ရက်စက်ကြမ်းကြုတ်သူတို့သည်ကျွန်တော်မျိုး အား တိုက်ခိုက်ရန်စုရုံးကြပါ၏။ အို ဘုရားသခင်၊ ထိုသူတို့သည်ကျွန်တော်မျိုးအားတိုက်ခိုက်ရန် လျင်မြန်စွာနေရာယူစုရုံးကြသည်မှာ ကျွန်တော်မျိုး၏ချွတ်ယွင်းမှုတစ်စုံတစ်ရာ ကြောင့် မဟုတ်ပါ။ ကျွန်တော်မျိုးပြုမိသည့်အပြစ်နှင့် မှားယွင်းမှုကြောင့်လည်းမဟုတ်ပါ။
Psalms 88:17ယင်းတို့သည်မြစ်ရေလျှံသကဲ့သို့တစ်နေ့လုံး ကျွန်တော်မျိုးအားဝိုင်းရံလျက်ရှိပါ၏။ အဘက်ဘက်မှနေ၍ကျွန်တော်မျိုးအနီးသို့ ချဉ်းကပ်လာကြပါ၏။