Psalms 35:19
ကျွန်တော်မျိုး၏ရန်သူလူလိမ်လူညာများ အား ကျွန်တော်မျိုးအရေးရှုံးနိမ့်မှုကိုအကြောင်း ပြုကာ နှစ်ထောင်းအားရခွင့်ကိုပေးတော်မမူပါ နှင့်။ အကြောင်းမဲ့ကျွန်တော်မျိုးကိုမုန်းသောသူတို့အား ကျွန်တော်မျိုး၏ဝမ်းနည်းမှုကိုအကြောင်းပြု၍ လှောင်ပြောင်ခွင့်ကိုပေးတော်မမူပါနှင့်။
Common Language Bible
In The King James Version
In Context
Cross References
Job 15:12ကိုယ်အလိုသို့လိုက်၍ အဘယ်ကြောင့် လွှဲသွားသနည်း။ အဘယ်ကြောင့် မျက်စောင်းထိုးသနည်း။
Psalms 25:2ကျွန်တော်မျိုး၏ဘုရား၊ကျွန်တော်မျိုး သည် ကိုယ်တော်ရှင်ကိုကိုးစားပါ၏။ စစ်အရေးနိမ့်၍အရှက်ရခြင်းမှကျွန်တော် မျိုးအား ကယ်တော်မူပါ။ ကျွန်တော်မျိုးအရေးနိမ့်သဖြင့်ရန်သူတို့အား နှစ်ထောင်းအားရခွင့်ကိုပေးတော်မမူပါနှင့်။
Psalms 38:16ကျွန်တော်မျိုး၏ဒုက္ခကိုအကြောင်းပြုကာ ရန်သူတို့သည်နှစ်ထောင်းအားရခွင့်ကို ပေးတော်မမူပါနှင့်။ သူတို့အားကျွန်တော်မျိုးပြိုလဲမှုကိုအကြောင်း ပြုကာ ကြွားဝါခွင့်ပေးတော်မမူပါနှင့်။
Psalms 38:19ကျွန်တော်မျိုး၏ရန်သူတို့သည်ကျန်းမာ သန်စွမ်းကြပါ၏။ အကြောင်းမဲ့ကျွန်တော်မျိုးအားမုန်းသူတို့သည် များပြားကြပါ၏။
Psalms 69:4ကျွန်တော်မျိုးအားအကြောင်းမဲ့မုန်းသော သူတို့၏အရေအတွက်သည်ကျွန်တော်မျိုး ဦးခေါင်းမှဆံပင်ထက်ပို၍များပါ၏။ လိမ်လည်ပြောဆို၍ကျွန်တော်မျိုးအား ရန်ဘက်ပြုသူတို့သည်ခွန်အားကြီးကြပါ၏။ ကျွန်တော်မျိုးအားသတ်ဖြတ်လိုကြပါ၏။ သူတို့အားကျွန်တော်မျိုးမခိုးမယူသည့် ပစ္စည်းဥစ္စာများကိုပြန်၍ပေးရပါ၏။
Psalms 109:3သူတို့သည်ကျွန်တော်မျိုးအားအကြောင်းမဲ့ တိုက်ခိုက်၍ကျွန်တော်မျိုး၏အကြောင်း ဆိုးရွားသောသတင်းများကိုလွှင့်ကြပါ၏။