Psalms 114:2
ယုဒအမျိုးသားတို့သည်ထာဝရဘုရား၏ သန့်ရှင်းမြင့်မြတ်သောလူစုတော်ဖြစ်လာကြ၏။ ဣသရေလအမျိုးသားတို့သည်ကိုယ်တော် ပိုင်တော်မူသောလူစုတော်ဖြစ်လာကြ၏။
Common Language Bible
In The King James Version
Judah was his sanctuary, and Israel his dominion.
In Context
3ပင်လယ်နီသည်မြင်၍ထွက်ပြေးလေ၏။ ယော်ဒန်မြစ်သည်မစီးတော့ဘဲရပ်တန့် သွား၏။
Cross References
Exodus 15:17အို ထာဝရဘုရား၊ ကိုယ်တော်သည်သူတို့ကိုခေါ်ဆောင်၍ ကိုယ်တော်စံတော်မူရန်ရွေးချယ်သော၊တောင် ပေါ်တွင် နေရာချတော်မူလိမ့်မည်။ ကိုယ်တော်တိုင်တည်ဆောက်သောဗိမာန်တော်တွင် နေစေတော်မူလိမ့်မည်။
Exodus 19:6သင်တို့သည်ငါ့အတွက်သီးသန့်ထားသော လူမျိုး၊ ငါ၏အမှုတော်ကိုဆောင်ရွက်သော ယဇ်ပုရောဟိတ်များဖြစ်ကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အားပြောလော့'' ဟုမိန့်တော်မူ၏။-
Exodus 29:45ငါသည်ဣသရေလအမျိုးသားတို့နှင့် အတူနေ၍၊ သူတို့၏ဘုရားဖြစ်တော်မူမည်။-
Deuteronomy 7:6သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကိုပိုင်သောကြောင့်ထိုသို့ဆောင်ရွက်ရ မည်။ ကမ္ဘာပေါ်တွင်ရှိသမျှသောလူမျိုးတို့ အနက် သင်တို့ကိုမိမိ၏အထူးလူမျိုး တော်အဖြစ်ထာဝရဘုရားရွေးချယ်တော် မူ၏။''
Deuteronomy 27:9ထို့နောက်မောရှေနှင့်လေဝိအနွယ်ဝင်ယဇ် ပုရောဟိတ်တို့က ဣသရေလအမျိုးသား အပေါင်းတို့အား``ဣသရေလအမျိုးသား တို့၊ ငါပြောသမျှကိုအလေးဂရုပြု၍ နားထောင်ကြလော့။ ယနေ့သင်တို့သည် သင် တို့၏ဘုရားသခင်ထာဝရဘုရား၏ လူမျိုးတော်ဖြစ်လာကြပြီ။-
Psalms 78:68သူတို့ကိုရွေးချယ်မည့်အစား၊ယုဒ အမျိုးအနွယ်ကိုလည်းကောင်း၊ ကိုယ်တော်လွန်စွာချစ်မြတ်နိုးသည့် ဇိအုန်တောင်တော်ကိုလည်းကောင်း ရွေးချယ်တော်မူ၏။