Psalms 116:5
ထာဝရဘုရားသည်သနားကြင်နာတော်မူ၍ ကျေးဇူးပြုတော်မူတတ်၏။ ငါတို့၏ဘုရားသခင်သည်ကရုဏာတော်ရှင် ဖြစ်တော်မူ၏။
Common Language Bible
In The King James Version
Gracious is the LORD, and righteous; yea, our God is merciful.
In Context
Cross References
Exodus 34:6ထိုနောက်ထာဝရဘုရားသည်မောရှေရှေ့ တွင်ဖြတ်ကြွသွားလျက်``ငါထာဝရဘုရား သည်သနားကရုဏာနှင့်ပြည့်စုံသောဘုရား၊ စိတ်ရှည်၍ကျေးဇူးကရုဏာနှင့်ကြွယ်ဝ သောဘုရား၊ သစ္စာတည်သောဘုရားဖြစ်၏။-
Nehemiah 9:8ကိုယ်တော်အားသစ္စာရှိသူဖြစ်ကြောင်း တွေ့မြင်တော်မူသဖြင့် ကိုယ်တော်သည်သူနှင့်ပဋိညာဉ်ပြုတော်မူပါ၏။ သူ၏သားမြေးများနေထိုင်ရန်အတွက်သူ့အား ခါနာန်ပြည်၊ဟိတ္ထိပြည်၊အာမောရိပြည်၊ ဖေရဇိပြည်၊ယေဗုသိပြည်နှင့်ဂိရဂါရှိ ပြည်ကိုပေးတော်မူမည်ဟုကတိပြုတော် မူပါ၏။ သစ္စာတော်ရှင်ဖြစ်သည်နှင့်အညီကိုယ်တော်သည် ကတိတော်တို့ကိုတည်စေတော်မူပါ၏။
Nehemiah 9:31သို့ရာတွင်လည်းကရုဏာတော် ကြီးမားတော်မူသည်နှင့်အညီ ကိုယ်တော်သည်သူတို့အားစွန့်ပစ်တော်မမူပါ။ ဆုံးပါးပျက်စီးစေတော်မမူပါ။ ကိုယ်တော်သည်သနားကြင်နာ၍ ကရုဏာနှင့်ပြည့်စုံကြွယ်ဝတော်မူသောဘုရား ဖြစ်တော်မူပါသည်တကား။
Psalms 86:5ကိုယ်တော်ရှင်၌ကျွန်တော်မျိုးတို့အပေါ် ကောင်းမြတ်သောသဘော၊အပြစ်လွှတ်တတ်သော သဘောရှိတော်မူပါ၏။ အထံတော်သို့ဆုတောင်းပတ္ထနာပြုသူ အပေါင်းတို့ အပေါ်ထားတော်မူသည့်ခိုင်မြဲသော မေတ္တာတော်သည်ကြွယ်ဝပါ၏။
Psalms 103:8ထာဝရဘုရားသည်ချစ်ခင်ကြင်နာတော်မူ၍ စိတ်ရှည်သည်းခံတော်မူလျက် ခိုင်မြဲသောမေတ္တာတော်နှင့်ပြည့်ဝတော်မူ၏။
Psalms 115:1အို ထာဝရဘုရား၊ ကိုယ်တော်၏ခိုင်မြဲသောမေတ္တာတော်နှင့် သစ္စာတော်ကြောင့်ကိုယ်တော်တစ်ပါးတည်း ၌သာလျှင် ဘုန်းအသရေရှိတော်မူပါ၏။ ကျွန်တော်မျိုးတို့၌ဘုန်းအသရေမရှိပါ။