Psalms 119:68
ကိုယ်တော်ရှင်သည်လွန်စွာကောင်းမြတ်၍ သနားကြင်နာတော်မူပါ၏။ ကွန်တော်မျိုးအားအထုံးအဖွဲ့တော်တို့ကို သွန်သင်တော်မူပါ။
Common Language Bible
In The King James Version
Thou art good, and doest good; teach me thy statutes.
In Context
Cross References
Exodus 34:6ထိုနောက်ထာဝရဘုရားသည်မောရှေရှေ့ တွင်ဖြတ်ကြွသွားလျက်``ငါထာဝရဘုရား သည်သနားကရုဏာနှင့်ပြည့်စုံသောဘုရား၊ စိတ်ရှည်၍ကျေးဇူးကရုဏာနှင့်ကြွယ်ဝ သောဘုရား၊ သစ္စာတည်သောဘုရားဖြစ်၏။-
Psalms 86:5ကိုယ်တော်ရှင်၌ကျွန်တော်မျိုးတို့အပေါ် ကောင်းမြတ်သောသဘော၊အပြစ်လွှတ်တတ်သော သဘောရှိတော်မူပါ၏။ အထံတော်သို့ဆုတောင်းပတ္ထနာပြုသူ အပေါင်းတို့ အပေါ်ထားတော်မူသည့်ခိုင်မြဲသော မေတ္တာတော်သည်ကြွယ်ဝပါ၏။
Psalms 107:1``ထာဝရဘုရားသည်ကောင်းမြတ်တော်မူသည် ဖြစ်၍ ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်၏'' ဟု
Psalms 119:26ကွန်တော်မျိုးသည်မိမိပြုမိသမှသော အပြစ်တို့ကိုဖော်ပြဝန်ခံသည်ဖြစ်၍ ကိုယ်တော်ရှင်သည်ကွန်တော်မျိုး၏ပန်ကြား ခက်ကို နားညောင်းတော်မူပါ၏။ ကွန်တော်မျိုးအားကိုယ်တော်ရှင်၏ နည်းလမ်းတော်တို့ကိုသွန်သင်တော်မူပါ။
Isaiah 63:7ငါသည်ထာဝရဘုရား၏ပျက်ကွက်ခြင်း မရှိသော မေတ္တာတော်အကြောင်းကိုဖော်ပြမည်။ ငါတို့အဖို့ပြုတော်မူခဲ့သောအမှုတော် အပေါင်း အတွက်ကိုယ်တော်အားထောမနာပြုမည်။ ကိုယ်တော်သည်မိမိ၏မေတ္တာ ကရုဏာတော်ကိုထောက်၍ ဣသရေလအမျိုးသားတို့အားကောင်းချီး မင်္ဂလာ ကြွယ်ဝစွာချပေးတော်မူပြီ။
Matthew 19:17ကိုယ်တော်က ``သင်သည်ကောင်းမြတ်သည့်အမှု နှင့်ပတ်သက်၍ငါ့အားအဘယ်ကြောင့်မေးသနည်း။ ကောင်းမြတ်သောအရှင်တစ်ပါးတည်းသာရှိ၏။ သင် သည်ထာဝရအသက်ကိုခံယူလိုလျှင်ပညတ်တော် တို့ကိုစောင့်ထိန်းလော့'' ဟုမိန့်တော်မူ၏။