Psalms 120:1
ငါသည်ဒုက္ခရောက်စဉ်အခါထာဝရဘုရား ကို ဟစ်ခေါ်ပါ၏။ ကိုယ်တော်သည်လည်းထူးတော်မူပါ၏။
Common Language Bible
In The King James Version
In my distress I cried unto the LORD, and he heard me.
In Context
Cross References
1 Samuel 1:27ကျွန်မသည်ထာဝရဘုရားထံတော်တွင် ဤ သားဆုကိုပန်ပါ၏။ ဆုပန်သည့်အတိုင်း ကိုယ်တော်သည်ပေးသနားတော်မူပါပြီ။-
Psalms 30:7အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကျေးဇူးပြုတော်မူခဲ့ပါပြီ။ တောင်ပေါ်ရဲတိုက်ကဲ့သို့ကျွန်တော်မျိုးအား လုံခြုံစွာကွယ်ကာတော်မူခဲ့ပါ၏။ သို့ရာတွင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး အား မျက်နှာတော်ကိုလွှဲ၍နေတော်မူစဉ်က ကျွန်တော်မျိုးသည်ကြောက်လန့်ပါ၏။
Psalms 50:23ကျေးဇူးတော်ချီးမွမ်းခြင်းသည်ငါ့အား ဂုဏ်ပြုရာယဇ်ပင်ဖြစ်၏။ ငါ့စကားကိုနားထောင်သူအပေါင်းတို့အား ဧကန်အမှန်ငါကယ်မည်'' ဟုမိန့်တော်မူ၏။
Psalms 107:13သူတို့သည်ဒုက္ခရောက်ကြသဖြင့်ထာဝရ ဘုရားထံ အော်ဟစ်ကြရာ ကိုယ်တော်သည်သူတို့အားဒုက္ခမှကယ်တော်မူ၏။
Psalms 118:5ငါသည်အလွန်ဒုက္ခရောက်သဖြင့်ထာဝရ ဘုရားအား ပတ္ထနာပြုပါ၏။ ကိုယ်တော်သည်လည်းထူးတော်မူ၍ ငါ့ကိုလွတ်မြောက်စေတော်မူ၏။
Psalms 122:1သူတို့က``ထာဝရဘုရား၏အိမ်တော်သို့ ငါတို့သွားကြကုန်အံ့'' ဟုဆိုသောအခါ ငါသည်ရွှင်လန်းဝမ်းမြောက်ပါ၏။