Psalms 125:3
သူယုတ်မာတို့သည်ဖြောင့်မတ်သောသူတို့၏ ပြည်ကို အစဉ်အမြဲအုပ်စိုးရလိမ့်မည်မဟုတ်။ အကယ်၍ယင်းသို့အုပ်စိုးရကြပါမူ၊ ဖြောင့်မတ်သောသူတို့ကိုယ်တိုင်ပင်လျှင် မကောင်းမှုကိုပြုကောင်းပြုကြပေလိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
1 Samuel 24:10ယခုပင်လျှင်ထာဝရဘုရားသည်အရှင့် အား အကျွန်ုပ်၏လက်သို့အပ်တော်မူခဲ့ကြောင်း အရှင်ကိုယ်တိုင်သိမြင်နိုင်ပါ၏။ အကျွန်ုပ်၏ လူအချို့တို့ကအရှင့်အားအသတ်ခိုင်း ကြပါ၏။ သို့ရာတွင်အကျွန်ုပ်သည်အရှင် ၏အတွက်စိတ်မကောင်းဖြစ်သဖြင့် အရှင့် ကိုစိုးစဉ်းမျှဘေးအန္တရာယ်မပြုလိုပါ။ အဘယ်ကြောင့်ဆိုသော် အရှင်သည်ထာဝရ ဘုရားဘိသိက်ပေးတော်မူသောဘုရင် ဖြစ်သောကြောင့်ဖြစ်ပါ၏။-
Psalms 89:22သူ၏ရန်သူတို့သည်သူ့အပေါ်တွင်အဘယ် အခါ၌မျှ အနိုင်ရကြလိမ့်မည်မဟုတ်။ သူယုတ်မာတို့သည်သူ့ကိုနှိမ်နင်းနိုင် လိမ့်မည်မဟုတ်။
Psalms 103:14ငါတို့ကိုယ်ခန္ဓာကိုမည်ကဲ့သို့ တည်ဆောက်ထားသည်ကိုကိုယ်တော် သိတော်မူ၏။ ငါတို့သည်မြေမှုန့်ဖြစ်ကြောင်းကိုသတိရ တော်မူ၏။
Isaiah 10:5ထာဝရဘုရားက``အို အာရှုရိအမျိုးသား တို့၊ ငါအမျက်ထွက်သောသူတို့အားအာရှုရိ အမျိုးသားတို့ကိုတင်းပုတ်အဖြစ်ဖြင့်ငါ အသုံးပြုမည်။-
Isaiah 27:8ထာဝရဘုရားသည်မိမိလူမျိုးတော်အား ပြည်နှင်ဒဏ်ပေး၍အပြစ်ဒဏ်ခတ်တော်မူ၏။ သူတို့သည်အရှေ့မှလာသောလေပြင်းမုန် တိုင်းတွင်လွင့်ပါသွားရဘိသကဲ့သို့ မိမိ တို့ပြည်မှထွက်ခွာသွားရကြလေသည်။-
Revelation 2:10သင်ခံရမည့်ဆင်းရဲဒုက္ခများအတွက်မစိုး ရိမ်နှင့်။ စာတန်သည်သင်တို့အချို့ကိုထောင်ထဲ ၌အကျဉ်းချထားခြင်းအားဖြင့်စစ်ဆေးလိမ့် မည်။ သင်သည်ဆယ်ရက်တိုင်တိုင်ဒုက္ခခံရလိမ့်မည်။ သေသည်တိုင်အောင်သစ္စာစောင့်လော့။ သို့မှသာ သင့်အားအသက်သရဖူကိုငါပေးမည်။