Psalms 138:5
သူတို့သည်ကိုယ်တော်ပြုတော်မူသောအမှုတော် အကြောင်းကိုလည်းကောင်း၊ ကိုယ်တော်၏ကြီးမြတ်သောဘုန်းအသရေတော် အကြောင်းကိုလည်းကောင်း သီချင်းဆိုကြပါလိမ့်မည်။
Common Language Bible
In The King James Version
Yea, they shall sing in the ways of the LORD: for great is the glory of the LORD.
In Context
Cross References
Exodus 15:11အို ထာဝရဘုရား၊ကိုယ်တော်နှင့်တူသော အဘယ်ဘုရားရှိအံ့နည်း။ ကိုယ်တော်ကဲ့သို့သန့်ရှင်းမြင့်မြတ်ဘုန်း ကြီးသော ဘုရားအဘယ်မှာရှိအံ့နည်း။ ကိုယ်တော်ကဲ့သို့နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သောအမှုတို့ကိုပြုနိုင်သောဘုရား အဘယ်မှာရှိအံ့နည်း။
Psalms 21:5ကိုယ်တော်ရှင်ကယ်မတော်မူသဖြင့်မင်းကြီးသည် ဘုန်းအသရေထွန်းတောက်ရပါ၏။ ကိုယ်တော်သည်သူ့အားကျော်စောကိတ္တိနှင့် ခန့်ညားတင့်တယ်ခြင်းကိုပေးတော်မူပြီ။
Isaiah 52:7ငြိမ်းချမ်းရေးတည်းဟူသောသတင်းကောင်းကို ယူဆောင်လာသူ၊စေတမန်တစ်ဦး တောင်ရိုးကိုဖြတ်ကျော်နေသည်ကိုတွေ့မြင်ရပုံမှာ ကျက်သရေရှိလှပါသည်တကား။ ထိုစေတမန်သည်ကယ်တင်ခြင်းသတင်းကို ကြေညာလျက်၊ ဇိအုန်မြို့အား``သင်၏ဘုရားသခင်သည် ဘုရင်ဖြစ်တော်မူ၏'' ဟုဆို၏။
Isaiah 66:10ယေရုရှလင်မြို့ကိုချစ်မြတ်နိုးသူအပေါင်း တို့၊ သူနှင့်အတူအားရရွှင်လန်းကြလော့။ သူ၏အတွက်ဝမ်းမြောက်ကြလော့။ ထိုမြို့အတွက်ဝမ်းနည်းကြေကွဲနေခဲ့သူ အပေါင်းတို့၊ ယခုပင်သူနှင့်အတူအားရရွှင်လန်းကြလော့။
Zephaniah 3:14အို ဣသရေလပြည်သားတို့၊ဝမ်းမြောက်စွာ ကြွေးကြော်သီဆိုကြလော့။ အို ယေရုရှလင်မြို့သူ၊စိတ်နှလုံးအကြွင်းမဲ့ ရွှင်လန်းဝမ်းမြောက်လော့။