ဇေဖနိအနာဂတ္တိကျမ်း 3:14
အို ဣသရေလပြည်သားတို့၊ဝမ်းမြောက်စွာ ကြွေးကြော်သီဆိုကြလော့။ အို ယေရုရှလင်မြို့သူ၊စိတ်နှလုံးအကြွင်းမဲ့ ရွှင်လန်းဝမ်းမြောက်လော့။
Common Language Bible
In The King James Version
In Context
Read all of ဇေဖနိအနာဂတ္တိကျမ်း 3
Cross References
Ezra 3:11သူတို့က၊ ``ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍ ဣသရေလအမျိုးသားတို့အတွက် ထားရှိတော်မူသောမေတ္တာတော်သည် ထာဝစဉ်တည်ပါ၏'' ဟူသောသီချင်းကိုထပ်ကာထပ်ကာသီဆို၍ ထာဝရဘုရားအားထောမနာပြုကြ၏။ ဗိမာန်တော်အုတ်မြစ်ကိုချပြီးဖြစ်သဖြင့် လူ အပေါင်းတို့သည်ထာဝရဘုရား၏ဂုဏ် တော်ကိုဟစ်အော်ချီးမွမ်းကြကုန်၏။-
Psalms 14:7ဣသရေလအမျိုးသားတို့ကိုကယ်တင်ခြင်း ကျေးဇူးတော်သည် ဇိအုန်တောင်တော်မှထွက်ပေါ်လာပါစေသော။ ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အား တစ်ဖန်ပြန်၍ကောင်းစားလာစေတော်မူသော အခါ၊ သူတို့သည်လွန်စွာဝမ်းမြောက်ကြလိမ့်မည်။
Psalms 81:1ငါတို့ဘက်မှကာကွယ်တော်မူသောအရှင် တည်းဟူသောဘုရားသခင်အား ဝမ်းမြောက်စွာသီချင်းဆိုကြလော့။ ယာကုပ်၏ဘုရားအားထောမနာသီချင်းဆို ကြလော့။
Psalms 100:1အို ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၊ သီချင်းဆိုလျက်ထာဝရဘုရား၏ဂုဏ်တော် ကို ချီးမွမ်းကြလော့။
Psalms 149:2ဣသရေလအမျိုးသားတို့၊ သင်တို့ကိုဖန်ဆင်းတော်မူသောအရှင်ကို အကြောင်းပြု၍ဝမ်းမြောက်ကြလော့။
Isaiah 24:14အသက်မသေဘဲကျန်ရှိကြသူတို့သည် ရွှင် လန်းဝမ်းမြောက်လျက်သီချင်းဆိုကြလိမ့် မည်။ အနောက်အရပ်မှလူတို့သည်ဘုရားသခင်၏ကြီးမြတ်တော်မူပုံကိုဖော်ပြ၍၊-