Psalms 14:2
ထာဝရဘုရားသည်အသိပညာရှိသူများ၊ မိမိအားကိုးကွယ်ဝတ်ပြုသူများရှိမရှိကို သိမြင်ရန် ကောင်းကင်ဘုံမှငုံ့၍လူသားတို့အား ကြည့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 6:12ဘုရားသခင်သည်ကမ္ဘာမြေကြီးကိုကြည့်ရှု တော်မူသောအခါ လူအပေါင်းတို့သည်အကျင့် ပျက်ဆိုးယုတ်လျက်ရှိသည်ကိုတွေ့မြင်တော် မူလေ၏။
Genesis 18:21ငါသည်ကြားရသောပြစ်တင်စွပ်စွဲချက်များ မှန်မမှန်ကိုသိရှိနိုင်ရန် သွား၍စုံစမ်းမည်'' ဟုမိန့်တော်မူ၏။
2 Chronicles 30:19``အို အကျွန်ုပ်တို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရား၊ ထိုသူတို့မှာသန့်စင်မှု မရှိသော်လည်းကိုယ်တော်အား စိတ်စွမ်းရှိ သမျှနှင့်ဝတ်ပြုကိုးကွယ်သူများဖြစ်သဖြင့် ကောင်းမြတ်သောအရှင်ဖြစ်တော်မူသည်နှင့် အညီသူတို့၏အပြစ်ကိုဖြေလွှတ်တော် မူပါ'' ဟုပတ္ထနာပြုတော်မူ၏။-
Psalms 11:4ထာဝရဘုရားသည်သန့်ရှင်းမြင့်မြတ်သည့် ဗိမာန်တော်တွင်ကျိန်းဝပ်တော်မူ၏။ ကိုယ်တော်၏ပလ္လင်တော်သည်ကောင်းကင်ဘုံ တွင် ရှိတော်မူ၏။ ကိုယ်တော်သည်လူအပေါင်းတို့အားစစ်ဆေး ကြည့်ရှုတော်မူ၍ သူတို့ပြုသောအမှုအရာများကိုသိမြင် တော်မူ၏။
Psalms 69:32ဤအချင်းအရာကိုမြင်သောအခါညှဉ်းဆဲ ခံရသူတို့သည်ဝမ်းမြောက်ကြလိမ့်မည်။ ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်သူတို့သည် အားတက်ကြလိမ့်မည်။
Psalms 92:6လူမိုက်တို့မသိနိုင်သောအရာ၊အသိဉာဏ်တုံး သူတို့ နားမလည်နိုင်သောအရာတစ်ခုရှိပါ၏။