Psalms 143:9
အို ထာဝရဘုရား၊ ကိုယ်တော်ကိုခိုလှုံရန်ကျွန်တော်မျိုးသည် အထံတော်သို့ချဉ်းကပ်ပါ၏။ ကျွန်တော်မျိုးအားရန်သူများ၏လက်မှ ကယ်တော်မူပါ။
Common Language Bible
In The King James Version
Deliver me, O LORD, from mine enemies: I flee unto thee to hide me.
In Context
Cross References
Psalms 31:15ကျွန်တော်မျိုး၏နေ့ရက်ကာလများသည် လက်တော်ထဲ၌ရှိပါ၏။ ကျွန်တော်မျိုးအားရန်သူများနှင့် နှိပ်စက်ညှဉ်းဆဲသူတို့၏လက်မှကယ်တော် မူပါ။
Psalms 56:9ကိုယ်တော်ရှင်အားကျွန်တော်မျိုး တောင်းလျှောက်သောနေ့၌ရန်သူတို့သည် တပ်လန်ကြပါလိမ့်မည်။ ဘုရားသခင်သည်ငါ၏ဘက်တွင်ရှိတော်မူ ကြောင်းကို ငါသိ၏။
Psalms 59:1ကျွန်တော်မျိုး၏ဘုရား၊ကျွန်တော်မျိုးအား ရန်သူတို့၏လက်မှကယ်တော်မူပါ။ ကျွန်တော်မျိုးအားတိုက်ခိုက်သူတို့၏ဘေးမှ ကွယ်ကာစောင့်ရှောက်တော်မူပါ။
Psalms 142:5အို ထာဝရဘုရား၊ ကူမတော်မူရန်ကျွန်တော်မျိုးသည် အထံတော်သို့ဟစ်အော်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားကွယ်ကာ စောင့်ရှောက်တော်မူသောအရှင်ဖြစ်တော်မူပါ၏။ ဤဘဝတွင်ကိုယ်တော်ရှင်တစ်ပါးတည်းသာ လျှင် ကျွန်တော်မျိုးတောင့်တပါ၏။
Proverbs 18:10ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သော ရဲတိုက်ဖြစ်၍၊ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့်၊ လုံခြုံစွာနေရကြ၏။