Psalms 59:1
ကျွန်တော်မျိုး၏ဘုရား၊ကျွန်တော်မျိုးအား ရန်သူတို့၏လက်မှကယ်တော်မူပါ။ ကျွန်တော်မျိုးအားတိုက်ခိုက်သူတို့၏ဘေးမှ ကွယ်ကာစောင့်ရှောက်တော်မူပါ။
Common Language Bible
In The King James Version
Deliver me from mine enemies, O my God: defend me from them that rise up against me.
In Context
Cross References
Judges 16:2ဂါဇမြို့သားတို့သည်ရှံဆုန်ရောက်ရှိနေကြောင်း ကိုကြားသိကြသဖြင့် ထိုအိမ်ကိုဝိုင်းရံထား ပြီးလျှင်တစ်ညလုံးမြို့တံခါးဝမှစောင့်နေ ကြ၏။ ``ငါတို့သည်သူ့အားမိုးလင်းသည်တိုင် အောင်စောင့်ဆိုင်းပြီးမှသတ်ပစ်မည်'' ဟုကြံ စည်ကာဆိတ်ငြိမ်စွာနေကြ၏။-
Psalms 7:1ကျွန်တော်မျိုး၏ဘုရားသခင်ထာဝရဘုရား၊ကိုယ်တော်၌ကျွန်တော်မျိုးခိုလှုံပါ၏။ ကျွန်တော်မျိုးအားလိုက်လံဖမ်းဆီးနေသူအပေါင်းတို့၏လက်မှ ကျွန်တော်မျိုးအားကယ်တော်မူပါ။
Psalms 18:48ရန်သူများ၏လက်မှငါ့ကိုကယ်တော်မူ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားရန်သူ များကို အောင်မြင်ရသောအခွင့်ကိုပေးတော်မူ၏။ အကြမ်းဖက်သူတို့၏ဘေးမှကျွန်တော်မျိုးကို ကွယ်ကာတော်မူပါ၏။
Psalms 57:1ကျွန်တော်မျိုးသည်ခိုလှုံရန်အထံတော်သို့ ချဉ်းကပ်ပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးအားသနားတော်မူပါ။ အို ဘုရားသခင်၊ သနားတော်မူပါ။ မိုးသက်မုန်တိုင်းလွန်သွားသည်အထိ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ အတောင်တော်အရိပ်တွင်ခိုလှုံပါ၏။
Psalms 71:4ကျွန်တော်မျိုး၏ဘုရား၊ကျွန်တော်မျိုးအား သူယုတ်မာတို့၏ဘေးမှကယ်တော်မူပါ။ ရက်စက်ဆိုးညစ်သူတို့၏လက်မှကယ်တော် မူပါ။
Psalms 143:9အို ထာဝရဘုရား၊ ကိုယ်တော်ကိုခိုလှုံရန်ကျွန်တော်မျိုးသည် အထံတော်သို့ချဉ်းကပ်ပါ၏။ ကျွန်တော်မျိုးအားရန်သူများ၏လက်မှ ကယ်တော်မူပါ။