Psalms 18:33
ကိုယ်တော်သည်ငါ့ခြေကိုသမင်ခြေကဲ့သို့ မြဲမြံစေတော်မူ၏။ တောင်များပေါ်တွင်ငါ့ကိုဘေးမဲ့လုံခြုံစွာ ထားတော်မူ၏။
Common Language Bible
In The King James Version
He maketh my feet like hinds’ feet, and setteth me upon my high places.
In Context
34အသန်ဆုံးသောလေးကိုတင်နိုင်ရန်ငါ့အား စစ်ပွဲအတွက်လေ့ကျင့်ပေးတော်မူ၏။
Cross References
Deuteronomy 32:13``ကိုယ်တော်သည်မိမိ၏လူမျိုးတော်အား တောင်ကုန်းဒေသများကိုအုပ်စိုးစေ၍ လယ်မှထွက်သောအသီးအနှံများကို စားသုံးစေတော်မူ၏။ သူတို့သည်ကျောက်ကြားမှပျားရည်ကို လည်းကောင်း၊ ကျောက်ပေါများသောမြေတွင်ပေါက်သော သံလွင်ပင်များမှဆီကိုလည်းကောင်းရရှိ ကြ၏။
2 Samuel 2:18ဇေရုယာ၏သားသုံးယောက်ဖြစ်ကြသောယွာဘ၊ အဘိရှဲနှင့်အာသဟေလတို့သည်တိုက်ပွဲတွင် ပါဝင်ကြ၏။ အာသဟေလသည်ဒရယ်ကဲ့သို့ လျင်မြန်စွာပြေးနိုင်၏။ သူသည်အာဗနာအား တသမတ်တည်းလိုက်လျက်နေ၏။-
Isaiah 45:5``ငါသည်ထာဝရဘုရားဖြစ်၏။ ငါမှတစ်ပါး အခြားအဘယ်ဘုရားမျှမရှိ။ သင်သည်ငါ့ကိုမသိသော်လည်းငါသည် သင်လိုအပ်သောခွန်အားစွမ်းရည်ကိုပေးမည်။