Psalms 23:4
အို ထာဝရဘုရား၊ အကယ်၍ကျွန်တော်မျိုးသည်အမှောင်ဆုံး ချိုင့်ဝှမ်းကို ဖြတ်၍ပင်သွားရစေကာမူမကြောက်ပါ။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးနှင့်အတူရှိတော်မူသောကြောင့် ဖြစ်ပါ၏။
Common Language Bible
In The King James Version
In Context
Cross References
Job 3:5မှောင်မိုက်၊ သေမင်းအရိပ်သည် ထိုနေ့ရက် အသရေကို ရှုတ်ချပါစေ။ မိုဃ်းတိမ်ထပ် လွှမ်းမိုးပါစေ။ မွန်းတည့်အရှိန်ဖြင့် ကြောက်မက်ဘွယ် ဖြစ်ပါစေ။
Job 24:17နံနက်ယံကို သေမင်းအရိပ်ကဲ့သို့ ထင်မှတ်၍၊ သေမင်းအရိပ်ကြောက်မက်ဘွယ်သောဘေးတို့ကို သိရကြ၏။
Psalms 14:5သို့ရာတွင်ဘုရားသခင်သည်ကိုယ်တော်၏ စကားကို နားထောင်သူတို့နှင့်အတူရှိတော်မူသောကြောင့် သူတို့သည်ထိတ်လန့်တုန်လှုပ်ကြရလိမ့်မည်။
Psalms 44:19သို့ပါလျက်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အားသားရဲများရှိရာ အရပ်တွင် ခိုကိုးရာမဲ့ထားတော်မူခဲ့ပါ၏။ အမှောင်ဆုံးအရပ်တွင်စွန့်ပစ်၍ထားတော် မူခဲ့ပါ၏။
Psalms 46:11အနန္တတန်ခိုးရှင်ဘုရားသခင်သည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသည်ငါတို့ခိုလှုံရာဖြစ် တော်မူ၏။
Psalms 118:6ထာဝရဘုရားသည်ငါနှင့်အတူ ရှိတော်မူသည်ဖြစ်၍ ငါသည်ကြောက်လန့်လိမ့်မည်မဟုတ်။ လူသည် ငါ့ကိုအဘယ်သို့ပြုနိုင်ပါသနည်း။