Psalms 25:21
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကို ကိုးစားသည်ဖြစ်၍ ကျွန်တော်မျိုး၏သစ္စာသမာဋ္ဌိရှိမှုသည် ကျွန်တော်မျိုးအားစောင့်ထိန်းပါစေသော။
Common Language Bible
In The King James Version
Let integrity and uprightness preserve me; for I wait on thee.
In Context
22အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏ဣသရေလလူမျိုးအား ဆင်းရဲဒုက္ခအပေါင်းမှကယ်တော်မူပါ။
Cross References
1 Samuel 26:23ထာဝရဘုရားသည်သစ္စာစောင့်သူ၊ ဖြောင့်မှန် သူတို့ကိုဆုတော်လာဘ်တော်များပေးသနား တော်မူပါ၏။ ယနေ့ကိုယ်တော်သည်အရှင့်အား အကျွန်ုပ်လက်သို့ပေးအပ်တော်မူခဲ့သော်လည်း အကျွန်ုပ်သည်ထာဝရဘုရားဘိသိက်ပေး တော်မူသောဘုရင်အားဘေးအန္တရာယ်မပြု ခဲ့ပါ။-
Psalms 18:20ငါသည်မှန်ရာကိုပြုသဖြင့်ကိုယ်တော်သည် ငါ့အားကောင်းကျိုးကိုချပေးတော်မူ၏။ ငါသည်အပြစ်ကင်းသူဖြစ်၍ကောင်းချီး ပေးတော်မူ၏။
Psalms 26:11ကျွန်တော်မျိုးမူကားမှန်ရာကိုပြုကျင့်ပါ၏။ ကျွန်တော်မျိုးအားကရုဏာထားတော်မူ၍ ကယ်တော်မူပါ။
Proverbs 11:3ဖြောင့်သောသဘောသည် ဖြောင့်မတ်သော သူတို့ကိုပဲ့ပြင်တတ်၏။ ကောက်သောသဘောမူကား၊ လွန်ကျူးသောသူတို့ကို ဖျက်ဆီးတတ်၏။
Daniel 6:22ခြင်္သေ့တို့သည်အကျွန်ုပ်အားဘေးအန္တရာယ် မပြုနိုင်စေရန်ဘုရားသခင်သည် မိမိ၏ ကောင်းကင်တမန်ကိုစေလွှတ်၍ခြင်္သေ့တို့ ၏နှုတ်ကိုပိတ်ထားတော်မူပါ၏။ ဤကဲ့သို့ ပြုတော်မူခြင်းမှာအကျွန်ုပ်၌အပြစ်မ ရှိကြောင်းကိုလည်းကောင်း၊ အကျွန်ုပ်သည် အရှင်မင်းကြီးအားမပြစ်မှားခဲ့ကြောင်း ကိုလည်းကောင်းသိတော်မူသောကြောင့် ဖြစ်ပါ၏'' ဟုလျှောက်လေ၏။
Acts 25:10ပေါလုက ``အကျွန်ုပ်သည်ယခုဧကရာဇ် ဘုရင်တရားခွင်တွင် အစစ်အဆေးခံနိုင် ခွင့်ကိုတောင်းဆိုပါ၏။ အရှင်အမှန်သိတော် မူသည်အတိုင်းအကျွန်ုပ်သည် ယုဒအမျိုး သားတို့အားအဘယ်သို့မျှမပြစ်မှားခဲ့ ပါ။-