Psalms 32:6
သို့ဖြစ်၍ကိုယ်တော်ရှင်အားသစ္စာစောင့်သူတို့သည် အရေးကြုံသည့်အခါများ၌ အထံတော်သို့ဆုတောင်းပတ္ထနာပြုသင့်ကြ ပါသည်။ အဟုန်ပြင်းစွာလွှမ်းမိုး၍လာသောရေသည် သူတို့ထံသို့ရောက်ရှိလိမ့်မည်မဟုတ်ပါ။
Common Language Bible
In The King James Version
In Context
Cross References
Genesis 7:17အရက်လေးဆယ်ကြာမျှကမ္ဘာမြေကြီးပေါ် တွင် ဆက်လက်၍ရေလွှမ်းမိုးလာရာသင်္ဘောသည် မြေပေါ်မှကြွတက်၏။-
Psalms 34:2ငါသည်ကိုယ်တော်ပြုတော်မူသော အမှုအရာများအတွက်ကိုယ်တော်အား ထောမနာပြုမည်။ အနှိပ်အစက်ခံရသူအပေါင်းတို့သည် ကြားနာ၍ ဝမ်းမြောက်ကြပါစေသော။
Psalms 69:1အို ဘုရားသခင်၊ ကျွန်တော်မျိုးအားကယ်တော်မူပါ။ ရေသည်ကျွန်တော်မျိုး၏လည်မျိုတိုင်အောင် ရောက်လျက်နေပါပြီ။
Psalms 91:7သင်၏အနီးတွင်လူတစ်ထောင်၊ သင်၏ပတ်လည်တွင်လူတစ်သောင်း ကျဆုံးသော်လည်းသင်၌အထိအခိုက် မရှိရ။
Psalms 144:7အထက်ဘုံမှလက်တော်ကိုဆန့်တော်မူ၍ ကျွန်တော်မျိုးအားရေနက်ရာမှဆွဲတင် ကယ်ဆယ်တော်မူပါ။ တိုင်းတစ်ပါးသားတို့၏လက်မှကယ်တော်မူပါ။