Psalms 32:5
ထိုအခါကျွန်တော်မျိုးသည်မိမိ၏အပြစ် များကို ကိုယ်တော်၏ထံတွင်ဖော်ပြဝန်ခံပါ၏။ ကျွန်တော်မျိုးပြုမိသည့်အမှားများကို အထံတော်မှဖုံးကွယ်၍မထားပါ။ ယင်းတို့ကိုကိုယ်တော်အားဖော်ပြဝန်ခံရန် ကျွန်တော်မျိုးစိတ်ပိုင်းဖြတ်လိုက်ပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ကူးလွန်မှု ရှိသမျှတို့အတွက်အပြစ်ဖြေလွှတ်တော် မူပါ၏။
Common Language Bible
In The King James Version
In Context
Cross References
Leviticus 26:39ရန်သူ၏နိုင်ငံတွင်သင်တို့၏အမျိုးပြုန်းလိမ့် မည်။ ထိုနိုင်ငံတွင်သင်တို့အနက်ကျန်ကြွင်းသူ အနည်းငယ်တို့သည်သင်တို့အပြစ်ကြောင့် လည်းကောင်း၊ သင်တို့ဘိုးဘေးတို့၏အပြစ် ကြောင့်လည်းကောင်းတိမ်ကောပျက်စီးရကြ လိမ့်မည်။
2 Samuel 12:9သင်သည်အဘယ်ကြောင့်ငါ၏အမိန့်တော် ကိုမနာခံသနည်း။ အဘယ်ကြောင့်ဤဆိုး ညစ်မှုကိုပြုဘိသနည်း။ သင်သည်ဥရိယ အားစစ်ပွဲတွင်ကျဆုံးစေခဲ့၏။ အမ္မုန်ပြည် သားတို့အားသူ့ကိုသတ်ခွင့်ပေးပြီးလျှင် သူ ၏ဇနီးကိုသိမ်းပိုက်ခဲ့ပါသည်တကား။-
2 Samuel 24:10သို့ရာတွင်ဒါဝိဒ်သည်သန်းခေါင်စာရင်း ကောက်ပြီးသောအခါနောင်တရလျက် ထာဝရဘုရားအား``အကျွန်ုပ်သည်ဤ ကြောက်မက်ဖွယ်ကောင်းသောအပြစ်ကိုကူး လွန်မိပါပြီ။ အကျွန်ုပ်အားအပြစ်ဖြေလွှတ် တော်မူပါ။ အကျွန်ုပ်သည်မိုက်မဲစွာပြု မိပါပြီ'' ဟုလျှောက်ထား၏။
1 Kings 8:50ကိုယ်တော်အားသူတို့ပြစ်မှားပုန်ကန်သည့် အပြစ်မှန်သမျှကိုဖြေလွှတ်တော်မူပါ။ ရန်သူများသည်သူတို့အားသနားကြင် နာကြပါစေသော။-
Ezra 10:11သို့ဖြစ်၍သင်တို့အပြစ်ကို သင်တို့ဘိုးဘေး များ၏ဘုရားသခင်ထာဝရဘုရားအား ဖော်ပြဝန်ခံပြီးလျှင် ကိုယ်တော်နှစ်သက်တော် မူသည့်အမှုကိုပြုကြလော့။ ငါတို့ပြည် တွင်သင်တို့နှင့်အတူ နေထိုင်ကြသူလူမျိုး ခြားတို့နှင့်လည်းကောင်း၊ သင်တို့၏လူမျိုး ခြားဇနီးများနှင့်လည်းကောင်းခွဲခွာ ကြလော့'' ဟုဆို၏။
Job 33:27သူကလည်း၊ ငါသည် ပြစ်မှားပါပြီ။ မှန်သော တရားကိုမှောက် ပါပြီ။ သို့သော်လည်း ကိုယ်ခံထိုက်သော အပြစ်ကိုမခံရဘဲ၊