The Bible Software
bible.software › Psalms › Psalms 35 › Psalms 35:20

Psalms 35:20

သူ​တို့​သည်​ငြိမ်း​ချမ်း​စေ​မည့်​စ​ကား​ကို မ​ပြော​ဘဲ ငြိမ်း​ချမ်း​ရေး​လို​လား​သူ​တို့​၏​အ​ကြောင်း​ကို မ​ဟုတ်​မ​မှန်​လုပ်​ကြံ​၍​ပြော​ဆို​ကြ​ပါ​၏။

Common Language Bible

In The King James Version

For they speak not peace: but they devise deceitful matters against them that are quiet in the land.

In Context

19ကျွန်​တော်​မျိုး​၏​ရန်​သူ​လူ​လိမ်​လူ​ညာ​များ အား ကျွန်​တော်​မျိုး​အ​ရေး​ရှုံး​နိမ့်​မှု​ကို​အ​ကြောင်း ပြု​ကာ နှစ်​ထောင်း​အား​ရ​ခွင့်​ကို​ပေး​တော်​မ​မူ​ပါ နှင့်။ အ​ကြောင်း​မဲ့​ကျွန်​တော်​မျိုး​ကို​မုန်း​သော​သူ​တို့​အား ကျွန်​တော်​မျိုး​၏​ဝမ်း​နည်း​မှု​ကို​အ​ကြောင်း​ပြု​၍ လှောင်​ပြောင်​ခွင့်​ကို​ပေး​တော်​မ​မူ​ပါ​နှင့်။

21သူ​တို့​က``ဟား​ဟား​သင်​ပြု​သော​အ​မှု​ကို ငါ​တို့​မြင်​ကြ​၏'' ဟု​အော်​ဟစ်​၍​ကျွန်​တော် မျိုး​အား စွပ်​စွဲ​ပြော​ဆို​ကြ​ပါ​၏။

Read all of Psalms 35

Cross References

Psalms 31:13ရန်​သူ​အ​များ​သည်​တီး​တိုး​ပြော​ဆို​နေ​သံ​ကို ကျွန်​တော်​မျိုး​ကြား​ပါ​၏။ ကျွန်​တော်​မျိုး​၏​ပတ်​လည်​တွင် ကြောက်​မက်​ဖွယ်​ရာ​များ​နှင့်​ပြည့်​နှက်​နေ​ပါ​၏။ ရန်​သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​သတ်​ရန် ကြံ​စည်​နေ​ကြ​ပါ​၏။

Psalms 38:12ကျွန်​တော်​မျိုး​အား​သတ်​ဖြတ်​လို​သူ​တို့​သည် ကျော့​ကွင်း​များ​ကို​ထောင်​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​အား​ဥ​ပဒ်​ပြု​လို​သူ​တို့​သည် ခြိမ်း​ခြောက်​ပြော​ဆို​ကြ​ပါ​၏။ သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​လုပ်​ကြံ​ရန် အ​စဉ်​မ​ပြတ်​ကြံ​စည်​လျက်​နေ​ကြ​ပါ​၏။

Psalms 64:4သူ​တို့​သည်​အ​ရှက်​ကင်း​မဲ့​စွာ​မိ​မိ​တို့​၏ မု​သား​စ​ကား​များ​ကို​လျင်​မြန်​စွာ​ပျံ့​နှံ့​စေ ကြ​၏။ သူ​တို့​သည်​စက်​ဆုတ်​ဖွယ်​ကောင်း​သော ဂုံး​ချော​စ​ကား​များ​ပြော​ဆို​ကာ သူ​တော်​ကောင်း​တို့​၏​အ​သ​ရေ​ကို​ဖျက်​ကြ​၏။

Psalms 140:2သူ​တို့​သည်​အ​စဉ်​ပင်​မ​ကောင်း​မှု​ပြု​ရန် ကြံ​စည်​လျက်​အ​စဉ်​ပင်​ခိုက်​ရန်​ဖြစ်​ပွား စေ​ရန် လှုံ့​ဆော်​ပေး​ကြ​ပါ​၏။

Daniel 6:5သူ​တို့​က``ငါ​တို့​သည်​ဒံ​ယေ​လ​အား သူ ကိုး​ကွယ်​သည့်​ဘာ​သာ​နှင့်​ပတ်​သက်​သော ကိစ္စ​မှ​တစ်​ပါး အ​ခြား​အ​ဘယ်​အ​မှု​တွင် မျှ​ပြစ်​တင်​စွပ်​စွဲ​စ​ရာ​တွေ့​နိုင်​မည်​မ​ဟုတ်'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

Matthew 12:24ဤ​သို့​ပြော​ဆို​သည်​ကို​ဖာ​ရိ​ရှဲ​တို့​ကြား​သိ​ကြ သော​အ​ခါ ``ဤ​သူ​သည်​နတ်​မိစ္ဆာ​ဘု​ရင်​ဗေ​လ ဇေ​ဗု​လ​ကို​အ​မှီ​ပြု​၍​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ် သူ​ဖြစ်​၏'' ဟု​ဆို​ကြ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Psalms 35:20

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)
← Psalms 35:19Psalms 35Psalms 35:21 →