The Bible Software
bible.software › Psalms › Psalms 40 › Psalms 40:10

Psalms 40:10

ကျွန်​တော်​မျိုး​သည်​ကယ်​တင်​ခြင်း​သ​တင်း​တော်​ကို မျို​သိပ်​၍​မ​ထား​ပါ။ ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​အ​ကြောင်း​နှင့် ကူ​မ​တော်​မူ​ခြင်း​အ​ကြောင်း​တို့​ကို အ​စဉ်​ပင်​ဖော်​ပြ​ခဲ့​ပါ​၏။ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့ စု​ဝေး​ရာ​၌ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော် အ​ကြောင်း​နှင့် ခိုင်​မြဲ​သော​မေတ္တာ​တော်​အ​ကြောင်း​တို့​ကို မ​ထိမ်​မ​ဝှက်​ပါ။

Common Language Bible

In The King James Version

I have not hid thy righteousness within my heart; I have declared thy faithfulness and thy salvation: I have not concealed thy lovingkindness and thy truth from the great congregation.

In Context

9အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏ လူ​စု​တော်​ဝင်​အ​ပေါင်း​တို့​စု​ဝေး​ရာ​၌ ကျွန်​တော်​မျိုး​တို့​အား​ကိုယ်​တော်​ရှင် ကယ်​တော်​မူ​ကြောင်း​သ​တင်း​ကောင်း​ကို ပြော​ကြား​ပါ​၏။ ဤ​အ​ကြောင်း​ကို​ကျွန်​တော်​မျိုး​သည်​အ​စဉ် မ​ပြတ် ပြော​ကြား​နေ​မည်​ဖြစ်​ကြောင်း​ကိုယ်​တော်​ရှင် သိ​တော်​မူ​ပါ​၏။

11အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​အ​စဉ် သ​နား​ကြင်​နာ​တော်​မူ​မည်​ကို​ကျွန်​တော် မျိုး​သိ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​မေတ္တာ​တော်​နှင့်​သစ္စာ​တော်​သည် ကျွန်​တော်​မျိုး​အား​အ​စဉ်​အ​မြဲ​စောင့်​ထိန်း​ပါ လိမ့်​မည်။

Read all of Psalms 40

Cross References

Psalms 25:10ပ​ဋိ​ညာဉ်​တော်​နှင့်​ပ​ညတ်​တော်​တို့​ကို စောင့်​ထိန်း​သူ​အ​ပေါင်း​တို့​အား ကိုယ်​တော်​သည်​မေတ္တာ​နှင့်​လည်း​ကောင်း၊ သစ္စာ​နှင့်​လည်း​ကောင်း​လမ်း​ပြ​ပို့​ဆောင် တော်​မူ​၏။

Psalms 75:9သို့​ရာ​တွင်​ငါ​မူ​ကား​ယာ​ကုပ်​၏ ဘု​ရား​အ​ကြောင်း​တော်​ကို​အ​စဉ်​မ​ပြတ် ပြော​ကြား​ပါ​မည်။ ကိုယ်​တော်​အား​ထော​မ​နာ​သီ​ချင်း​ဆို​မည်။

Isaiah 49:6ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ငါ​၏​အ​စေ​ခံ၊ သင့်​အား​ငါ​သည်​ပို​မို​ကြီး​မြတ်​သည့်​အ​မှု​ကို ဆောင်​ရွက်​စေ​မည်။ မ​သေ​ဘဲ​ကျန်​ရှိ​နေ​သူ​ဣ​သ​ရေ​လ​အ​မျိုး​သား တို့ ပြန်​လည်​တန်​ခိုး​ကြီး​မား​လာ​ကြ​စေ​ရန်​သာ​မ​က ကမ္ဘာ​တစ်​ဝှမ်း​လုံး​ပင်​ကယ်​တင်​ခြင်း​ခံ​ရ​ကြ​စေ​ရန် ငါ​သည်​သင့်​အား​လူ​မျိုး​တ​ကာ​တို့​၏​အ​လင်း ဖြစ်​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။

Ezekiel 3:17``အ​ချင်း​လူ​သား၊ ငါ​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​တွက်​သင့်​အား​ကင်း​စောင့်​အ​ဖြစ်​ခန့် ထား​မည်။ ငါ​သ​တိ​ပေး​သည့်​စ​ကား​များ​ကို ကြား​နာ​၍ သင်​သည်​သူ​တို့​အား​ဆင့်​ဆို​ရ​မည်။-

Luke 2:30လူ​မျိုး​ခြား​တို့​အား​ကိုယ်​တော်​ရှင်​၏​အ​လို​တော်​ကို ဖော်​ပြ​သော​အ​လင်း​ဖြစ်​စေ​ရန်​နှင့်၊ ကိုယ်​တော်​၏​လူ​စု​တော်​ဖြစ်​သော​ဣ​သ​ရေ​လ​သည် ဂုဏ်​အ​သ​ရေ​ထွန်း​လင်း​လာ​စေ​ရန်၊ လူ​မျိုး​အ​ပေါင်း​တို့ ရှေ့​မှောက်​တွင် ကိုယ်​တော်​ရှင်​အ​သင့်​ပြင်​ဆင်​ထား​တော်​မူ​သော ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို၊အ​ကျွန်ုပ်​သည်​ဒိ​ဋ္ဌ​တွေ့ မြင် ရ​ပါ​ပြီ'' ဟု​မြွက်​ဆို​၏။

John 1:17ဘု​ရား​သ​ခင်​သည်​ပ​ညတ်​တ​ရား​ကို​မော​ရှေ အား​ဖြင့်​ပေး​အပ်​တော်​မူ​၏။ သို့​ရာ​တွင်​ကျေးဇူး တရား​နှင့် သစ္စာ​တရား​တို့​ကို​မူ​ကား​ယေ​ရှု​ခ​ရစ် အား​ဖြင့်​ပေး​အပ်​တော်​မူ​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Psalms 40:10

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)
← Psalms 40:9Psalms 40Psalms 40:11 →