Psalms 46:5
ထိုမြို့တော်သည်ဘုရားသခင်ကိန်းဝပ်တော် မူရာ ဖြစ်သဖြင့်အဘယ်အခါ၌မျှမပျက်စီးရ။ နေအရုဏ်တက်စအချိန်၌ကိုယ်တော်သည် ကြွလာတော်မူ၍ထိုမြို့ကိုကူမတော်မူ လိမ့်မည်။
Common Language Bible
In The King James Version
God is in the midst of her; she shall not be moved: God shall help her, and that right early.
In Context
Cross References
Exodus 14:27သို့ဖြစ်၍မောရှေသည်ပင်လယ်ပေါ်သို့လက် ကိုဆန့်သဖြင့် နံနက်မိုးလင်းသည့်အခါရေ သည်ပုံမှန်အတိုင်းပြန်လည်စီးလေ၏။ ရေ ပြန်တက်လာစဉ်အီဂျစ်အမျိုးသားတို့သည် ထွက်ပြေးကြသော်လည်း ထာဝရဘုရား သည်သူတို့အားပင်လယ်ထဲ၌နစ်မြုပ်စေ တော်မူ၏။-
Psalms 30:5ကိုယ်တော်အမျက်ထွက်တော်မူသည်မှာ ခဏသာလျှင်ဖြစ်၏။ ကျေးဇူးပြုတော်မူသည်ကားတစ်သက်လုံး ဖြစ်သတည်း။ ညဥ့်အခါ၌မျက်ရည်များပင်ကျစေကာမူ မိုးသောက်ချိန်၌ကားဝမ်းမြောက်ရွှင်လန်း ခွင့်ကို ရရှိတတ်၏။
Psalms 62:2ကိုယ်တော်သာလျှင်ငါ၏ခိုလှုံရာကျောက်တောင်၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူပါ၏။ ကိုယ်တော်သည်ငါ၏ရဲတိုက်သဖွယ်ဖြစ်တော် မူ၏။ ငါသည်အဘယ်အခါ၌မျှအရေးရှုံးနိမ့် ရလိမ့်မည်မဟုတ်။
Psalms 68:18ကိုယ်တော်သည်သုံ့ပန်းများကိုခေါ်ဆောင်၍ မြင့်သောအရပ်သို့တက်ကြွတော်မူ၏။ ကိုယ်တော်သည်ပုန်ကန်သူတို့၏ထံမှ လက်ဆောင်ပဏ္ဏာများကိုခံယူတော်မူ၏။ ထာဝရအရှင်ဘုရားသခင်သည်ထိုအရပ် တွင် ကိန်းဝပ်တော်မူမည်။
Psalms 125:1ထာဝရဘုရားကိုယုံကြည်ကိုးစားသူတို့သည် မရွေ့မရှား၊အစဉ်ခိုင်ခံ့တည်မြဲသော ဇိအုန်တောင်ကဲ့သို့ဖြစ်ကြ၏။
Isaiah 12:6ဇိအုန်မြို့သူမြို့သားအပေါင်းတို့အား ကြွေးကြော်သီဆိုစေကြလော့။ ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သည်ကြီးမြတ်တော်မူ၍၊ မိမိလူမျိုးတော်အလယ်၌ကျိန်းဝပ်တော် မူ၏။''