Psalms 54:7
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားဆင်းရဲ ဒုက္ခအပေါင်းမှကယ်ဆယ်တော်မူပါပြီ။ ကျွန်တော်မျိုးသည်ရန်သူတို့အရေးရှုံးနိမ့် ကြသည်ကို တွေ့မြင်ရပါပြီ။
Common Language Bible
In The King James Version
For he hath delivered me out of all trouble: and mine eye hath seen his desire upon mine enemies.
In Context
Cross References
1 Samuel 26:24ယနေ့အရှင်၏အသက်ကိုအကျွန်ုပ်ချမ်းသာ ပေးခဲ့သည့်နည်းတူ ထာဝရဘုရားသည် အကျွန်ုပ်၏အသက်ကိုချမ်းသာပေး၍ ဆင်းရဲ ဒုက္ခအပေါင်းမှကယ်ဆယ်တော်မူပါစေ သော'' ဟူ၍ဖြစ်၏။
Psalms 34:6ခိုကိုးရာမဲ့သူတို့သည်ကိုယ်တော်ကို ခေါ်ကြသောအခါ ကိုယ်တော်ထူးတော်မူ၍သူတို့အား ဆင်းရဲဒုက္ခအပေါင်းမှကယ်တော်မူ၏။
Psalms 37:34ထာဝရဘုရားကိုမျှော်ကိုးလျက်ပညတ်တော် တို့ကို စောင့်ထိန်းလော့။ ကိုယ်တော်သည်သင့်အားပြည်တော်ကို ပိုင်ဆိုင်ရသောအခွင့်နှင့်ချီးမြှင့်တော်မူ လိမ့်မည်။ သင်သည်သူယုတ်မာတို့ပြည်နှင်ဒဏ် သင့်ကြသည်ကိုမြင်ရလိမ့်မည်။
Psalms 59:10ငါ၏ဘုရားသည်ငါ့ကိုချစ်၍ငါ့ထံသို့ ကြွလာတော်မူလိမ့်မည်။ ငါ၏ရန်သူများအရေးရှုံးနိမ့်ကြသည်ကို ငါ့အား တွေ့မြင်ခွင့်ကိုပေးတော်မူလိမ့်မည်။
Psalms 92:11ရန်သူတို့အရေးရှုံးနိမ့်ကြသည်ကိုကျွန်တော်မျိုး မြင်ရပါပြီ။ သူယုတ်မာတို့ငိုကြွေးသံကိုကြားရပါပြီ။
Psalms 118:7ငါ့ကိုကူမတော်မူသောအရှင်သည် ထာဝရဘုရားဖြစ်တော်မူသဖြင့် ငါသည်ရန်သူများအရေးရှုံးနိမ့်ကြ သည်ကို မြင်ရလိမ့်မည်။