Psalms 66:3
``ကိုယ်တော်ရှင်ပြုတော်မူသောအမှုတို့သည် အလွန်အံ့သြဖွယ်ကောင်းလှပါသည်တကား။ ကိုယ်တော်ရှင်၏တန်ခိုးတော်သည် ကြီးမားလှသည်ဖြစ်၍ရန်သူတို့သည်ရှေ့တော်တွင် ကြောက်ရွံ့ဝပ်တွားကြပါ၏။
Common Language Bible
In The King James Version
In Context
Cross References
Exodus 15:21မိရိအံက၊ ``ထာဝရဘုရားသည်အောင်ပွဲကြီးခံတော်မူ ပြီဖြစ်၍ ဂုဏ်တော်ကိုကူးရင့်သီဆိုကြလော့။ ကိုယ်တော်သည်မြင်းများနှင့်မြင်းစီးသူရဲ တို့ကို ပင်လယ်ထဲ၌နစ်မြုပ်စေတော်မူပြီ'' ဟူ၍ သီချင်းစပ်ဆိုလေသည်။
Judges 5:20ကြယ်နက္ခတ်တို့သည်ကောင်းကင်ပြင်မှ တိုက်ခိုက်ကြ၏။ သူတို့သည်မိုးကောင်းကင်ကိုဖြတ်သန်းသွားစဉ် သိသရကိုတိုက်ခိုက်ကြ၏။
Psalms 18:44လူမျိုးခြားတို့သည်ကျွန်တော်မျိုး၏ရှေ့တွင် ဦးညွှတ်ပျပ်ဝပ်ကြပါ၏။ သူတို့သည်ကျွန်တော်မျိုး၏အမိန့်ကို ကြားသောအခါနာခံကြပါ၏။
Psalms 22:28ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ လူမျိုးတကာတို့ကိုအုပ်စိုးတော်မူ၏။
Psalms 65:5ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ၍ အောင်ပွဲကိုခံစေတော်မူပါ၏။ အံ့သြဖွယ်အမှုတို့ကိုပြုတော်မူလျက် ကျွန်တော်မျိုးတို့အားကယ်တော်မူပါ၏။ ကမ္ဘာတစ်ဝန်းလုံးနှင့်ပင်လယ်ရပ်ဝေးတွင် ရှိကြကုန်သောသူအပေါင်းတို့သည်ကိုယ်တော် ရှင်အား ကိုးစားကြပါ၏။
Psalms 76:12ကိုယ်တော်သည်မာန်မာနကြီးသူမင်းသား တို့၏ စိတ်ကိုနှိမ့်ချတော်မူလျက်ဘုန်းကြီးသည့် ဘုရင်တို့အားထိတ်လန့်တုန်လှုပ်စေတော်မူ၏။