Psalms 143:7
အို ထာဝရဘုရား၊ ယခုပင်လျှင်ကျွန်တော်မျိုးပန်ကြား လျှောက်ထားချက်ကိုနားညောင်းတော်မူပါ။ ကျွန်တော်မျိုးသည်လုံးဝမျှော်လင့်ရာမဲ့လျက် နေပါပြီ။ ကျွန်တော်မျိုးအားမျက်နှာလွှဲတော်မမူပါနှင့်။ ယင်းသို့ပြုတော်မူပါလျှင်ကျွန်တော်မျိုးသည် မရဏာနိုင်ငံသို့သွားရသူကဲ့သို့ဖြစ်ပါလိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Psalms 22:24ကိုယ်တော်သည်ဆင်းရဲသူတို့အားပစ်ထား တော်မမူပါ။ သူတို့၏ဆင်းရဲဒုက္ခများကိုလည်း လျစ်လူရှုတော်မမူပါ။ ကိုယ်တော်သည်သူတို့ကိုမျက်နှာတော်လွှဲ တော်မမူပါ။ ကူမတော်မူရန်သူတို့အော်ဟစ် တောင်းလျှောက်သည်ကိုနားညောင်းတော်မူပါ၏။
Psalms 28:1ကျွန်တော်မျိုး၏ကွယ်ကာရာအရှင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ထံတော်သို့ကျွန်တော်မျိုး ဟစ်ခေါ်ပါ၏။ ထူးတော်မူပါ။ ကိုယ်တော်ရှင်ထူးတော်မမူပါလျှင် ကျွန်တော်မျိုးသည်သေရွာသွားရပါလိမ့်မည်။
Psalms 40:17အို ဘုရားရှင်၊ ကျွန်တော်မျိုးသည်အားအင်ချိနဲ့၍ ခိုကိုးရာမဲ့သူဖြစ်သော်လည်း ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကို သတိရတော်မူပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ကယ်တင်ရှင်၊ ကျွန်တော်မျိုး၏ဘုရားသခင်ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးအားကူမတော်မူရန်အလျင် အမြန် ကြွတော်မူပါ။
Psalms 69:17ကိုယ်တော်ရှင်၏အစေခံအားမျက်နှာတော်ကို လွှဲတော်မမူပါနှင့်။ ကျွန်တော်မျိုးသည်အတိဒုက္ခရောက်လျက် ရှိပါ၏။ ကျွန်တော်မျိုး၏ပန်ကြားချက်ကိုယခုပင် နားညောင်းတော်မူပါ။
Psalms 70:5ကျွန်တော်မျိုးသည်အားအင်ချိနဲ့လျက် ဆင်းရဲ၍နေပါ၏။ အို ဘုရားသခင်၊ ကျွန်တော်မျိုးထံသို့လျင်မြန်စွာကြွလာ တော်မူပါ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကယ်တင်တော်မူသောအရှင်၊ကျွန်တော်မျိုး၏ ထာဝရဘုရားဖြစ်တော်မူ၏။ ကျွန်တော်မျိုးအားကူမရန်အလျင်အမြန် ကြွတော်မူပါ။
Psalms 84:2ထိုအရပ်တွင်လွန်စွာနေလိုလှပါသည်။ ကျွန်တော်မျိုးသည်ထာဝရဘုရား၏ဗိမာန်တော် တံတိုင်းများကိုတသပါ၏။ အသက်ရှင်တော်မူသောဘုရားသခင်အား ကျွန်တော်မျိုးသည်စိတ်ရောကိုယ်ပါဝမ်း မြောက်စွာ ထောမနာသီချင်းဆိုပါ၏။