Psalms 69:3
ကူမတော်မူရန်အော်ဟစ်ရသဖြင့်ကျွန်တော်မျိုးသည် မောပန်းနွမ်းနယ်လျက်ရှိပါ၏။ ကျွန်တော်မျိုး၏လည်ချောင်းသည်နာလျက်နေပါပြီ။ ကိုယ်တော်ရှင်ကူမတော်မူရန် မျှော်ကြည့်ရဖန်များသဖြင့်မျက်စိများသည် ညောင်းလျက်နေပါပြီ။
Common Language Bible
In The King James Version
I am weary of my crying: my throat is dried: mine eyes fail while I wait for my God.
In Context
Cross References
Job 11:20ဆိုးသော သူတို့၏မျက်စိသည် အားလျော့လိမ့်မည်။ သူတို့သည် ပြေး၍မလွတ်ရကြ။ သူတို့မြော်လင့် စရာအကြောင်းသည် အခိုးအငွေ့သက်သက်ဖြစ်သည်ဟု မြွက်ဆို၏။
Psalms 6:6ကျွန်တော်မျိုးသည်ဝမ်းနည်းကြေကွဲမှုဖြင့် မောပန်းနွမ်းနယ်လျက်ရှိပါ၏။ ညတိုင်းပင်လျှင်ငိုယိုရသဖြင့်အိပ်ရာသည် စိုစွတ်လျက်ရှိပါ၏။ ကျွန်တော်မျိုး၏ခေါင်းအုံးသည်မျက်ရည် စိုရွှဲလျက်ရှိပါ၏။
Psalms 22:2ကျွန်တော်မျိုး၏ဘုရား၊နေ့အခါ၌ကိုယ်တော် အား ကျွန်တော်မျိုးခေါ်ပါ၏။ သို့ရာတွင်ကိုယ်တော်သည်ထူးတော်မမူပါ။ ညဥ့်အခါကျွန်တော်မျိုးခေါ်ပါ၏။ သို့ရာတွင်ကျွန်တော်မျိုးစိတ်သက်သာခွင့်ကို မရပါ။
Psalms 25:21ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကို ကိုးစားသည်ဖြစ်၍ ကျွန်တော်မျိုး၏သစ္စာသမာဋ္ဌိရှိမှုသည် ကျွန်တော်မျိုးအားစောင့်ထိန်းပါစေသော။
Psalms 40:3ငါတို့၏ဘုရားအားထောမနာပြုရာ သီချင်းသစ်ကိုဆိုရန်ကိုယ်တော်သည်ငါ့အား သင်ကြားပေးတော်မူ၏။ ယင်းသို့ပြုတော်မူသည်ကိုမြင်ကြရသူ တို့သည် ကြောက်ရွံ့ရိုသေကြကုန်လျက် ထာဝရဘုရားအားကိုးစားကြလိမ့်မည်။
Psalms 88:7အမျက်တော်သည်ကျွန်တော်မျိုးအားဖိလျက် ရှိပါ၏။ ကျွန်တော်မျိုးသည်အမျက်တော်၏ လှိုင်းတံပိုးအောက်တွင်ပိပြား၍နေပါ၏။