Psalms 71:4
ကျွန်တော်မျိုး၏ဘုရား၊ကျွန်တော်မျိုးအား သူယုတ်မာတို့၏ဘေးမှကယ်တော်မူပါ။ ရက်စက်ဆိုးညစ်သူတို့၏လက်မှကယ်တော် မူပါ။
Common Language Bible
In The King James Version
In Context
Cross References
2 Samuel 16:21အဟိသောဖေလက``နန်းတော်ကိုစောင့်စေ ရန်အရှင့်ခမည်းတော်ထားခဲ့သောမောင်းမ များရှိရာသို့ဝင်၍ ကိုယ်လက်နှီးနှောမှုကို ပြုတော်မူပါ။ သို့ပြုလျှင်ခမည်းတော်သည် အရှင့်အားရန်သူအဖြစ်သတ်မှတ်ကြောင်း လူအပေါင်းတို့သိသောအခါအရှင်၏ နောက်လိုက်နောက်ပါတို့သည်အလွန်အား ရကြပါလိမ့်မည်'' ဟုလျှောက်၏။-
2 Samuel 17:12ဒါဝိဒ်ရှိရာအရပ်ကိုမတွေ့တွေ့အောင် ရှာ၍ အကျွန်ုပ်တို့သည်သူ့အားရုတ်တရက် အမှတ်မထင်ဝင်ရောက်တိုက်ခိုက်ကြပါ မည်။ သူမှစ၍သူ၏လူတစ်စုံတစ်ယောက် မျှမသေဘဲကျန်ရစ်လိမ့်မည်မဟုတ်ပါ။-
Psalms 17:8ကိုယ်တော်၏မျက်ဆန်တော်ကဲ့သို့ကျွန်တော်မျိုးကို စောင့်ရှောက်တော်မူပါ။ သူယုတ်မာတို့၏တိုက်ခိုက်မှုမှကျွန်တော်မျိုးကို ကိုယ်တော်၏အတောင်တော်ရိပ်အောက်၌ ဖုံးအုပ်တော်မူပါ။ အသက်အန္တရာယ်ကိုရှာကြံသောရန်သူများ သည် ကျွန်တော်မျိုးကိုဝိုင်းရံလျက်နေကြပါ၏။
Psalms 43:1အို ဘုရားသခင်၊ ကျွန်တော်မျိုးမှာအပြစ်မရှိကြောင်း ထုတ်ဖော်ကြေညာတော်မူပါ။ ဘုရားတရားကင်းမဲ့သူတို့ကိုဆန့်ကျင်လျက် ကျွန်တော်မျိုးဘက်မှခုခံကာကွယ်တော်မူပါ။ လိမ်လည်ဆိုးယုတ်သူတို့၏လက်မှ ကျွန်တော်မျိုးအားကယ်တော်မူပါ။
Psalms 140:1အို ထာဝရဘုရား၊ ဆိုးညစ်သူတို့လက်မှကျွန်တော်မျိုးအား ကယ်တော်မူပါ။ အကြမ်းဖက်သမားတို့၏ဘေးမှ လုံခြုံစွာထားတော်မူပါ။