Psalms 71:5
အို အရှင်ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကိုမျှော်ကိုး ပါ၏။ ငယ်ရွယ်စဉ်အခါမှစ၍ကိုယ်တော်ရှင်အား ကိုးစားခဲ့ပါ၏။
Common Language Bible
In The King James Version
For thou art my hope, O Lord GOD: thou art my trust from my youth.
In Context
Cross References
1 Samuel 17:33ရှောလုက``အဘယ်သို့လျှင်သင်သည်သူနှင့် စစ်ထိုးနိုင်ပါမည်နည်း။ သင်သည်သူငယ်မျှ သာရှိသေး၏။ ထိုသူမူကားတစ်သက်လုံး စစ်သူရဲလုပ်ခဲ့သူဖြစ်၏'' ဟုဆိုသော်၊
1 Kings 18:12အကယ်၍ထာဝရဘုရား၏ဝိညာဉ်တော် သည်အကျွန်ုပ်ထွက်ခွာသွားသည်နှင့်တစ်ပြိုင် နက် အရှင့်အားအကျွန်ုပ်မသိသည့်အရပ်သို့ ခေါ်ဆောင်သွားခဲ့သော် အကျွန်ုပ်အဘယ်သို့ ပြုရပါမည်နည်း။ ဤအရပ်တွင်အရှင်ရှိ နေကြောင်းမင်းကြီးအားအကျွန်ုပ်လျှောက်ထား ပြီးနောက် မင်းကြီးသည်အရှင်အားမတွေ့ ရပါကအကျွန်ုပ်ကိုသတ်ပါလိမ့်မည်။ အကျွန်ုပ်သည်သူငယ်အရွယ်မှအစပြု ၍ထာဝရဘုရားအားအလွန်ကြည်ညို လေးမြတ်ခဲ့သူဖြစ်ကြောင်းအောက်မေ့ သတိရတော်မူပါ။-
Psalms 13:5ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ခိုင်မြဲသော မေတ္တာတော်ကိုအားကိုးပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကယ်တော်မူမည်ဖြစ်၍ ကျွန်တော်မျိုးသည်ရွှင်လန်းဝမ်းမြောက်ပါမည်။
Psalms 39:7သို့ဖြစ်၍ အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်အဘယ်အရာကို မျှော်ကိုးနိုင်ပါမည်နည်း။ ကျွန်တော်မျိုးသည်ကိုယ်တော်ကိုမျှော်ကိုးပါ၏။
Psalms 71:17ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားငယ် ရွယ်စဉ် အခါမှစ၍သွန်သင်တော်မူခဲ့သည်ဖြစ်ရာ၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ပြုတော် မူသော အံ့သြဖွယ်ရာအမှုတို့ကိုယနေ့တိုင်အောင် ပြောကြားလျက်ရှိပါ၏။
Psalms 119:166အို ထာဝရဘုရား" ကွန်တော်မျိုးသည်ကိုယ်တော်ရှင် ကယ်တော်မူမည်ကိုစောင့်မှော်ကာကိုယ်တော်ရှင်၏ ပညတ်တော်မားကိုစောင့်ထိန်းပါ၏။