Psalms 71:6
ကျွန်တော်မျိုးသည်တစ်သက်လုံးကိုယ်တော်ရှင် ကို မှီခိုခဲ့ပါ၏။ ကျွန်တော်မျိုးမွေးဖွားချိန်မှစ၍ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကာကွယ်စောင့်ရှောက်တော်မူခဲ့ပါပြီ။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကိုအစဉ် မပြတ် ထောမနာပြုပါမည်။
Common Language Bible
In The King James Version
In Context
Cross References
Psalms 22:9ကျွန်တော်မျိုးအားဘေးဥပဒ်ကင်းရှင်းစွာ အမိဝမ်းမှမွေးဖွားစေတော်မူသောအရှင် ကား ကိုယ်တော်ရှင်ပင်ဖြစ်ပါ၏။ နို့စို့သူငယ်ဖြစ်စဉ်အခါကလည်း ကျွန်တော်မျိုးအားကိုယ်တော်ရှင်သည် ဘေးမဲ့လုံခြုံစွာထားတော်မူခဲ့ပါ၏။
Psalms 34:1ငါသည်ထာဝရဘုရား၏ဂုဏ်တော်ကို အစဉ်မပြတ်ထောမနာပြုမည်။ ကိုယ်တော်အားအခါခပ်သိမ်းထောမနာပြုမည်။
Psalms 71:14ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားအစဉ်ပင် စောင့်မျှော်ပါမည်။ ကိုယ်တော်ရှင်အားအဖန်ဖန်အခါခါ ထောမနာပြုပါမည်။
Psalms 145:1ကျွန်တော်မျိုး၏ဘုရား၊ကျွန်တော်မျိုး၏ဘုရင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင် ကြီးမြတ်တော်မူပုံကိုထုတ်ဖော်ကြေညာပါမည်။ ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုကာလအစဉ် အဆက် ချီးမွမ်းပါမည်။
Isaiah 46:3``အို ယာကုပ်သားမြေးတို့၊ငါ၏ဣသရေလ လူမျိုးတော်အနက်မှ ကြွင်းကျန်နေသူတို့၊ငါပြောသည်ကို နားထောင်ကြလော့။ သင်တို့သန္ဓေတည်၍မွေးဖွားချိန်မှအစပြု၍ ငါသည်သင်တို့အားကြည့်ရှုစောင့်ရှောက်ခဲ့ ပေသည်။
Isaiah 49:5အမိဝမ်းတွင်ရှိစဉ်အခါကပင်လျှင်၊ငါ့အား ထာဝရဘုရားသည်ရွေးချယ်ထားတော်မူပါ၏။ ကိုယ်တော်သည်မိမိ၏လူမျိုးတော်အား ပြန်လည်ခေါ်ဆောင်လာစေရန်၊ ပျံ့လွင့်လျက်ရှိသည့်ဣသရေလအမျိုးသား တို့အား ပြန်လည်ခေါ်ဆောင်လာစေရန် အစေခံအဖြစ်ဖြင့်ငါကိုခန့်ထားတော်မူပါ၏။ ထာဝရဘုရားသည်ငါ့ကိုဂုဏ်ပြုတော်မူ၍ ငါ့ခွန်အား၏အရင်းအမြစ်ဖြစ်တော်မူ၏။