Psalms 73:25
ကျွန်တော်မျိုးမှာကိုယ်တော်ရှင်မှလွဲ၍ ကောင်းကင်ဘုံတွင်အဘယ်သူရှိပါသနည်း။ ကိုယ်တော်ရှင်ကျွန်တော်မျိုးနှင့်ရှိတော်မူလျှင် ကမ္ဘာမြေပေါ်၌အဘယ်အရာကိုလိုပါတော့ မည်နည်း။
Common Language Bible
In The King James Version
Whom have I in heaven but thee? and there is none upon earth that I desire beside thee.
In Context
Cross References
Psalms 16:2``ကိုယ်တော်သည်ကျွန်တော်မျိုး၏အရှင် ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးခံစားရသောကောင်းကျိုးချမ်းသာ ဟူသမျှသည် ကိုယ်တော်ပေးသနားတော်မူသောအရာများ ဖြစ်ပါ၏'' ဟု ထာဝရဘုရားအားငါလျှောက်ထား၏။
Psalms 16:11ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားအသက်ရှင်ရာ လမ်းကိုပြညွှန်တော်မူလိမ့်မည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏အနီးတွင် ရှိတော်မူသည်ဖြစ်၍ ကျွန်တော်မျိုးသည်ရွှင်လန်းဝမ်းမြောက်၍ ထာဝစဉ်ပျော်မွေ့လျက်ရှိပါ၏။
Psalms 37:4ထာဝရဘုရား၌မွေ့လျော်ပျော်ပိုက်မှုကို ရှာလော့။ သို့ပြုလျှင်သင်၏အလိုဆန္ဒကိုပြည့်စုံ စေတော်မူလိမ့်မည်။
Psalms 43:4ထိုအခါ အို ဘုရားသခင်၊ကျွန်တော်မျိုးသည် ယဇ်ပလ္လင်တော်သို့ချဉ်းကပ်ပါမည်။ ကျွန်တော်မျိုးသည်အထံတော်မှရွှင်လန်း ဝမ်းမြောက်ခြင်းကိုခံယူရရှိပါ၏။ အို ဘုရားသခင်၊ ကျွန်တော်မျိုး၏ဘုရား၊ကိုယ်တော်အား စောင်းတီးလျက်ချီးမွမ်းထောမနာပြုပါမည်။
Psalms 89:6အို ထာဝရဘုရား၊ ကောင်းကင်ဘုံတွင်ကိုယ်တော်ရှင်နှင့်အဘယ် သူ တူပါသနည်း။ အဘယ်ကောင်းကင်သားသည်ကိုယ်တော်ကို တုပြိုင်နိုင်ပါသနည်း။
Psalms 143:6ကျွန်တော်မျိုးသည်လက်အုပ်ချီ၍ကိုယ်တော်ရှင်၏ ထံတော်သို့ဆုတောင်းပတ္ထနာပြုပါ၏။ ရေငတ်သောမြေကဲ့သို့ကျွန်တော်မျိုး၏ ဝိညာဉ်သည် ကိုယ်တော်ရှင်ကိုတောင့်တပါ၏။